ဓာတ်ပုံ – JIM

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၈ ရက်၊ မလေးရှား

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အထောက်အထားမဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော် ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပီရတ်၊ ကလန်တန်၊ ဆလန်ဂေါ့၊ ဂျိုဟိုး၊ ပီနန်း၊ ပါဟန်း စတဲ့ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေကြတဲ့နေရာကို မလေးရှား လဝက၊ ရဲတပ်ဖွဲ့က စစ်ဆေးစဥ် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

“အခုရက်ပိုင်း လဝကနဲ့ ရဲတွေ ပူးပေါင်းပြီး နေရာတိုင်းမှာ အလုပ်ရုံ၊ စက်ရုံတွေမှာ စစ်ဆေးဖမ်းဆီးနေကြတယ်။ အထူးသဖြင့် တိုင်ကြားခံထားရတဲ့နေရာနဲ့ နိုင်ငံခြားသားတွေ များတဲ့နေရာတွေကို စစ်ဆေးဖမ်းဆီးတာ ပိုများတယ်” လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်က ဆလန်ဂေါ့ပြည်နယ် ကလန်းမြို့ မဲရူးစျေးမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်နဲ့ ဖေဖော်ဝါရီ ၂၄ ရက်က ဆလန်ဂေါ့နဲ့ ဂျိုဟိုးပြည်နယ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ ထိုင်း-မလေးရှားနယ်စပ်မှာ မလေးရှားရဲတပ်ဖွဲ့ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။

“နယ်စပ်မှာ ဖမ်းတဲ့အထဲ မိန်းကလေးတွေ၊ ကလေးတွေ များတယ်။ အခုက အရင်လိုမဟုတ်ဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက်လာသူတွေများလို့ နယ်စပ်တွေမှာ လုံခြုံရေး တင်းကြပ်ထားတယ်။ တိုးချဲ့တယ်။ မြန်မာတွေ မကြာခဏ ဖမ်းဆီးခံရတယ်။ တစ်ခါ ဖမ်းမိပြီဆို အသုတ်လိုက် ဖမ်းမိတယ်” လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်က ထိုင်း-မလေးရှားနယ်စပ်တစ်နေရာမှာ ကလေးနဲ့ အမျိုးသမီးအများစု ပါဝင်တဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၉ ဦးကို မလေးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

မလေးရှားမှာ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို လူဝင်မှုကြီးကြပ်ရေးအဖွဲ့က တစ်စုံတစ်ရာ အရေးယူဆောင်ရွက်တာ မလုပ်တော့ဘဲ မြန်မာပြည်သို့ တန်းပို့ကြတယ်လို့ သိရပါတယ်။

“အရင်က လဝက ဖမ်းမိပြီဆို အနည်းဆုံး ၃ လ၊ ၄ လလောက်က ထောင်ချတယ်။ ပြီးမှမြန်မာပြည် ပို့တယ်။ အခုကျတော့ ဖမ်းမိပြီဆို တစ်ပတ်၊ နှစ်ပတ်လောက် ထားပြီးတာနဲ့ မြန်မာပြည်ကို တန်းပို့ကြတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်မှာလည်း ဆလန်ဂေါ၊ ပီရတ်၊ ပီနန်းပြည်နယ်မှာ မြန်မာအပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၀၀ ကျော် ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မလေးရှားမှာ မြန်မာလုပ်သား ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆလန်ဂေါ့ပြည်နယ် ကာကျန်းမြို့မှာ မြန်မာ ၅၉ ဦးအပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၈၈ ဦး ဖမ်းဆီးခံရတယ်လို့ မလေးရှားရောက် မြန်မာတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရွှေလီမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦး တံတားပေါ်ကနေ ခုန်ချပြီး အလောင်းရှာမတွေ့သေး

တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး ရွှေလီ-ကျယ်ဂေါင် ကူးပေါင်းတံတားပေါ် ကနေ ခုန်ချခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းရှာမတွေ့သေးဘူးလို့ လှုမှုကူညီရေးအသင်းသမားတစ်ဦးက ပြောပါတယ်။

ရွှေလီမှာ ကျောက်စိမ်းလိမ်ရောင်းနေသူတွေကို တရုတ်ရဲတွေက လိုက်လံဖမ်းဆီး

တရုတ်ပြည် ရွှေလီမြို့မှာ ကျောက်စိမ်းလိမ်ရောင်းနေတဲ့သူတွေကို တရုတ်ရဲတွေက ဝင်ရောက်စစ်ဆေးဖမ်းဆီးထားတာ ရှိနေတယ်လို့ ရွှေလီမြို့မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို ဇီဝအချက်အလက် ကောက်ယူနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်အပါအဝင် ဘင်္ဂလားဒေ့ရှ်က စစ်ဘေးရှောင်တွေရဲ့ ဇီဝအချက်လက်ကို ဇူလိုင် ၂၉ ရက်ကစပြီး ကောက်ယူနေတယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။