ဓာတ်ပုံ – Local

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ချောင်းဦး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် နွယ်ခွေနဲ့ ချောင်းမရွာကို စစ်‌ကောင်စီတပ်က လေ‌ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် အသက်မပြည့်‌သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၁၀ ဦး‌ သေဆုံးခဲ့ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- CHU PDF တပ်မှ ရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့တယ်လို့ CHU PDF မှ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိခံ ကိုသန့်က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် နေ့လယ် ၁၁ နာရီခွဲကျော်က နွယ်ခွေနဲ့ ချောင်းမရွာကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲခဲ့ပြီးနောက် နာရီပိုင်းအကြာမှာဘဲ စက်တပ်လေထီး (ပါရာမိုတာ) ၂ စီးနဲ့ ရွာနှစ်ရွာကို တစ်ချိန်တည်း ဗုံး ထပ်ကြဲကာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ချောင်းဦးမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)စခန်းကနေ အင်အားဖြည့်တင်းထားတဲ့ စစ်သားနဲ့ မြပုလဲဂိတ်က စစ်သားတွေ ပူးပေါင်းပြီး နွယ်ခွေနဲ့ ချောင်းမရွာကို စစ်ကြောင်း ထိုးလာချိန်မှာဘဲ လေကြောင်းနဲ့ရော မြပုလဲ ဆီဆိုင်ဂိတ်ကနေလက်နက်ကြီးနဲ့ ပစ်ခတ်တာ ရှိတယ်လို့ ဆိုပါတယ်။

“လတ်တလောမှာ စစ်တပ်က (နပခ)ဝန်းကျင်မှာ နယ်မြေ ရှင်းလင်းနေတာတွေ ရှိတယ်။ သူတို့က စစ်ကြောင်းထိုးရင်း လေကြောင်းနဲ့ရော လက်နက်ကြီးနဲ့ရော ပစ်ကူပေးနေတာတွေ ရှိတယ်။ အခုတော့ ငြိမ်နေတယ်။ သူတို့က သူတို့အားသာတဲ့ လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်နိုင် ခြေ ရှိတယ်” လို့ ပြန်ကြားရေးတာဝန်ရှိခံ ကိုသန့်က ပြောပါတယ်။

စစ်တပ်က ၎င်းတို့ အားသာတဲ့ လေကြောင်းကနေ တိုက်ခိုက်နိုင်တာကြောင့် ဒေသခံတွေအနေနဲ့ ဗုံးခိုကျင်း တူးထားဖို့ သတိပေး တိုက်တွန်းချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၁၂ နှစ် ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသမီး ၇ ဦး၊ အမျိုးသား ၃ ဦးနဲ့ CHU PDF မှ ရဲဘော် ၁ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပြီး ဒေသခံတွေရဲ့ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နွယ်ခွေနဲ့ ချောင်းမရွာဟာ ချောင်းဦးမြို့နဲ့ ၁ မိုင်သာ ကွာဝေးတာဖြစ်ပြီး စစ်တပ်က စစ်ကြောင်း စထွက်တဲ့အချိန်ကတည်းက စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။