ဓာတ်ပုံ – Local

ပို့လဘား၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ကွတ်ခိုင်

ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာအုပ်စု ဟိုခိုရွာနေ အသက် ၁၉ နှစ်အရွယ် လွေးအေလာဝ်ဟာ တရုတ်ဘက် အလုပ်လုပ်ဖို့ သွားရာကနေ ၁ လ ကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်က ဟိုခိုရွာကနေ မူဆယ်မြို့ဘက် သွားပြီးနောက် ရွှေလီမြို့ထဲ ပွဲစားကနေတဆင့် ခိုးပေါက်ကနေ ဝင်သွားခဲ့ကြပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

“ရွာကနေ မူဆယ် တက်လာတာ။ အဲဒီပွဲစားက အလုပ် ရှာပေးမယ်ပြောတာ။ နောက်ထပ် ပွဲစားနဲ့ မိတ်ဆက်ပေးပြီးတော့ ခိုးပေါက်နဲ့ လမ်းစရိတ်လည်း အကုန်စိုက်ပေးပြီး ခေါ်သွားတာ။ ၁ လပိုင်းကတည်းက အခုထိ ဘာမှအဆက်အသွယ် မရတော့ဘူး။ သတင်းအတိအကျတော့ မသိရသေးဘူး။ သူမှတ်ပုံတင်လည်း မရှိဘူး။ သူ့အမေကလည်း အိုနေပြီ။ နေ့တိုင်း ငိုနေတာ ရူးတော့မလို ဖြစ်နေပြီ “

လွေးအေလာဝ်နဲ့ အဆက်အသွယ် ပြတ်ပြီးနောက်ပိုင်း အမေဖြစ်သူနဲ့ မိသားစုဝင်က သူမ ရောင်းစားခံရမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလက နမ့်ခမ်းမြို့နယ် တာပုံရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း တရုတ်ပြည် ရွှေလီမြို့ဘက် အလုပ် သွားလုပ်ရာကနေ ၂ လကျော် ကြာတဲ့အထိ အဆက်အသွယ် မရဘဲ ပျောက်ဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးတာကြောင့် မြန်မာနိုင်ငံက လူထုတွေဟာ ပြည်ပသို့ တရားမဝင် နည်းလမ်းနဲ့ သွားရောက်ကာ အလုပ် လုပ်ကိုင်တာ များလာနေပြီး လူကုန်ကူးခံရတာ၊ ပျောက်ဆုံးနေတာတွေလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။