ဓာတ်ပုံ – CJ

ပျားကြီး၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ကြာအင်းဆိပ်ကြီး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာရှိတဲ့ ပန်းအောင်ကျေးရွာက ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဘုန်းတော်ကြီး ၂ ပါးနဲ့ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၂ နာရီဝန်းကျင်က MIG-29 နဲ့ Y-12 အမျိုးအစားလေယာဥ် အသုံးပြုပြီး ပေါင် ၅၀၀ ဗုံးတွေကြဲချခဲ့တာ ဖြစ်ပါတယ်။

“ဥပုသ်နေ့ဆိုတော့ သီလ ယူကြတဲ့သူတွေအများကြီး ရှိတယ်။ ဘုန်းကြီးတစ်ပါးက တော်တော်လေး စိုးရိမ်ရတယ်။ ဒကာ ၂ ယောက်လည်း ထိသွားတယ်။ ကျောင်းပေါ်တည့်တည့်မကျတာ အတော်ကံကောင်းတယ်ပြောရမှာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုန်းတော်ကြီးကျောင်းအတွင်း သီလဆောက်တည်ကြသူ ဒေသခံတွေ ရှိနေချိန်မှာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အနီးအနားမှာ တိုက်ပွဲ ဖြစ်ပွားမှုလည်း မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

အခုလို လေကြောင်း တိုက်ခိုက်မှုကြောင့် အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ ပန်းအောင်ကျေးရွာခံအများစုဟာ ဘေးလွတ်ရာ ချက်ချင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။