ဓာတ်ပုံ – ပါရမီ လူမှုကူညီရေးအသင်း

ပို့လဘား၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ၁၀၅ မိုင်

ရှမ်းမြောက် မူဆယ် ၁၀၅ မိုင်မှာ သားအဖ ၂ ဦး ဆိုင်ကယ် တိမ်းမှောက်လို့ အဖေဖြစ်သူက သေဆုံးခဲ့ပြီး သားဖြစ်သူက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွားရောက် ကူညီပေးခဲ့သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ် ၁၂ နာရီခွဲမှာ အသက် ၃၂ နှစ်အရွယ် ကိုဟောင်းခေါင်ဟာ ၄ နှစ်အရွယ် သားဖြစ်သူနဲ့ မူဆယ်မြို့ကနေ ဆွန်လန်းရွာဘက် ပြန်လာတဲ့အချိန် ၁၀၅ မိုင် ရွှေစတားထက်ဆီဆိုင်ရှေ့မှာ တိမ်းမှောက်ခဲ့တာလို့ ပြောပါတယ်။

“မူဆယ်ကနေ ပြန်လာတာ။ လမ်းဖြောင့်ကြီးမှာ သူ့ဟာသူ လဲကျတာ။ ချောက်ထဲလည်း မဟုတ်။ ဆိုင်ကယ်လဲလို့ သေတာ မဟုတ်ဘူး။ သူ့ဘာသူ တစ်ခုခုဖြစ်ပြီး လဲကျသေတာ။ အရက်သေစာလည်း မသောက်ထားဘူး။ ရုတ်တရက် သတိလစ်ပြီး သေသွားတာထင်တယ်”

မိုင်းယု ၁၀၅ မိုင်မှာရှိတဲ့ ပါရမီ လူမှုကူညီရေးအသင်းက သွားရောက် ကူညီပေးခဲ့တယ်လို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကလည်း Honda Fit မော်တော်ယာဉ်တစ်စီးက မူဆယ် ၁၀၅ မိုင်ကနေ ဟိုနောင်ရွာသို့ ပြန်လာစဥ္ ကားအရှိန် မထိန်းနိုင်ဘဲ ဓာတ်တိုင် ဝင်တိုက်မိခဲ့လို့ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။