ဓာတ်ပုံ – CDF Asho

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၇ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)က လက်နက်ခဲယမ်း‌နဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုချင်းက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်နေ့အထိ ၃ ရက်တာအတွင်း စခန်းစွန့်ခွာပြီး ထွက်ပြေးလာတဲ့ စစ်သားတွေကို နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်ရဲ့ မြောက်ဘက် မီတာ ၂ ထောင်ခန့်အကွာက တောတွင်းတစ်နေရာမှာ CDF Asho တပ်ဖွဲ့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

CDF Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုချင်းက “အရင်က ဖမ်းမိတာတွေရော အခုဖမ်းမိနေတာရော နောက်ဖမ်းမိမယ်ဆိုရင် သူတို့ကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစစ်ဆေးတာတွေ ရှိတယ်။ လက်ရှိလည်း စစ်ဆေးမေးမြန်းတာတွေ ရှိတယ်” လို့ ပြောပါတယ်။

စစ်သုံ့ပန်းတွေနဲ့အတူ MA 1 သေနတ် ၁၃ လက်၊ MA 2 ၁ လက်၊ MA 3 ၃ လက်၊ MA-11 ၂ လက်၊ MA 5 ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်အတောင့် ၄ ထောင်ကျော်နဲ့ အခြားစစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် ကာကင်းစခန်းတွေကို အာရက္ခတပ်တော်- AA က ထိုးစစ်ဆင် တိုက်ခိုက်‌‌နေတာကြောင့်‌ နတ်ရေကန်ဒေသအနီးတစ်ဝိုက် တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သား‌တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြဖို့ ချင်းကာကွယ်ရေးတပ်-အရှိုက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်ကနေ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ စစ်တပ် ယာဉ်တန်း ၄ စီးကို CDF-Asho ကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၇ ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်‌ ၄ လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။