ဓာတ်ပုံ – PPNM

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၅ ရက်

မန္တလေးမြို့ အိုးဘိုထောင်မှာ နိုင်ငံရေးအကျဥ်းသား ကိုအောင်ထွန်းဆိုသူဟာ ဆေးကုသခွင့် လုံလုံလောက်လောက်မရတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ဆီက သိရပါတယ်။

ကိုအောင်ထွန်းဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းမခံရမီ ကျန်းမာရေးကောင်မွန်သူတစ်ဦးဖြစ်ပြီး အိုးဘိုထောင်မှာ ဖမ်းဆီးထိန်သိမ်းခံရပြီးနောက် ခန္ဓာကိုယ်မှာ အနာတွေပေါက်ပြီး ထောင်ဆေးရုံမှာ တစ်ပတ်ကြာဆေးကုသမှုခံယူပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

“ရောဂါအခံ မရှိဘူးခင်ဗျ။ အနာတွေ ပေါက်တယ်လို့ သိရတယ်။ အဲအနာမှာ ပိုးတွေဝင်တယ်လို့ ကျနော်တို့ သိရတယ်။ထောင်ဆေးရုံမှာပဲ ဆုံးသွာတဲ့ အခြေအနေ ဖြစ်ပါတယ်” PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ရွှေဖီမြေကို ပြော ပါတယ်။

ကိုအောင်ထွန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၅)ရက်မှာ မန္တလေးတိုင်း အမရပူရမြို့နယ်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံရပြီး အမရပူရတရားရုံးမှာ ထောင်ဒဏ်(၃) နှစ် ချမှတ်ခံခဲ့ရကာ အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေကို ဆေးကုသခွင့် လုံလုံလောက်လောက်မပေးနိုင်တဲ့ အခြေအနေဖြစ်နေပြီး စစ်ကောင်စီနဲ့ ထောင်အာဏာပိုင်တွေဘက်က ဆေးကုသခွင့်ပေးဖို့ တောင်းဆိုချက်တွေကို နားထာင် ပေးဖို့ လိုအပ်တယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ၁ နှစ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် နိုင်ငံရေးအကျဥ်းသား ၃၁ ဦးသေဆုံးခဲ့တယ်လို့ မြန် PPNM က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ သေဆုံးသူ ၂၂ ဦးနဲ့ ဥပဒေမဲ့ ညှဥ်းပန်းနှိပ်စက်ခံရလို့ သေဆုံးသူ ၉ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။