ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီလ ၂၅ရက်၊ ငဖဲ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသား နှစ်ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမ်း-ပဒါန်း ကားလမ်းမပေါ်က စစ်ကောင်စီတပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေစဥ် လင်းတဲရွာကို စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ်အချိန်မှာ လေကြောင်းကနေ ဗုံးသီးနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ရွာက နတ်ရေကန်စခန်းအောက်မှာ ရှိတာပါ။ တိုက်ပွဲဖြစ်တော့ စကစ စခန်းကနေ လက်နက်ကြီးကျည်တွေပစ်တာ၊ လေကြောင်း ဗုံးကြဲတာတွေရှိလို့ ရွာသားတွေက ဘုန်းကြီးကျောင်းမှာ စုနေကြတာ။ ဘုန်းကြီးဆိုတော့ ရှောင်မယ်အထင်နဲ့ နေကြတာပေါ့။ ဘုန်းကြီးကျောင်းကိုပဲ တည့်တည့်ဗုံးကြဲသွားတယ်။” လို့ ငဖဲဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ချင်းအမျိုးသား နှစ်ဦးဟာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အမျိုးသမီး၊ ကလေးအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ၎င်းတို့ကို မင်းဘူးခရိုင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လူနာတွေရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လင်းတဲကျေးရွာက ဘုန်းကြီးကျောင်းလည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ပျက်စီးသွားတယ်လို့ သိရပါတယ်။

လင်းတဲရွာဟာ အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း နတ်ရေကန်လမ်းဟောင်းမှာ ချင်းကာကွယ်ရေးတပ် -အရှို နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ CDF-Asho က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။