ဓာတ်ပုံ – Local

လွေးထွေး၊ ဖေဖော်ဝါရီ ၂၅ ရက်၊ မြဝတီ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ထဲကို ထိုင်းဘက်က စက်သုံးဆီ ရက် ၂၀ နီးပါးအကြာ ဖြတ်တောက်ခံထားရလို့ ဒီနေ့ ဖေဖော်ဝါရီ ၂၅ ရက်အထိ စက်သုံးဆီဈေး မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ အထိ ဓါတ်ဆီနဲ့ ဒီဇယ် တစ်လီတာကို ၁၆၀၀၀ ဝန်းကျင်အထိ ဈေးရှိနေပြီး ‌ဆီဆိုင်တွေနဲ့ နေရာအများစုမှာ အလွယ်တကူနဲ့ ပြန်ပြီး ဝယ်ယူလို့ရနေတယ်လို့ဆိုပါတယ်။

မြို့ခံ အမျိုးသမီးက “အခုအထိတော့ ဈေးမကျသေးဘူး။ ဒါပေမယ့် အရင်ကလိုတော့ ဝယ်ရမခက်တော့ဘူး။ ဈေးကြီးလည်း လိုအပ်နေတော့ ဝယ်လို့လွယ်တာနဲ့တင် ကျေးဇူးတင်ရမလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

မြဝတီမြို့ထဲကို ထိုင်းဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက် ကတည်းက စက်သုံးဆီနဲ့ လျှပ်စစ်မီး တင်သွင်းခွင့်ကို ပိတ်ထားပြီး လက်ရှိအချိန်အထိ နယ်စပ်ဒေသမှာ ထိုင်းဘက်က လုံခြုံရေးတင်းကြပ်ထားပြီး စက်သုံးဆီ ခိုးသည်တဲ့သူတွေကိုလည်း ဖမ်းဆီးနေတာဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း မြဝတီဘက်ကို မိုဘိုင်းဖုန်း၊ ဘက္ထရီ၊ အင်ဗာတာ၊ မီးစက်၊ ဆိုလာပြား၊ လျှပ်စစ်ဝါယာကြိုး၊ လျှပ်စစ်သုံးမော်တာ၊အင်ဂျင်ဝိုင်၊ Controller နဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ဆော့ဖ်ဝဲတွေကို ထိုင်းဘက်က တင်သွင်းခွင့် ပိတ်လိုက်ပါတယ်။

ထိုင်းဘက်က စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ လျှပ်စစ်ပစ္စည်း တင်သွင်းခွင့် ပိတ်လိုက်တာဟာ မြဝတီမြို့ထဲမှာ အခြေစိုက်တဲ့ ကျားဖျန့်လုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ထားတာဖြစ်ပေမယ့် မြေပြင်မှာတော့ လူထုတွေသာ ထိခိုက်နစ်နာနေရတာဖြစ်ကြောင်း မြဝတီဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။