ဓာတ်ပုံ – BWCI

မိုင်းရူပ၊ ဖေဖော်ဝါရီ ၂၄ ရက်

ရှမ်းတောင်မှာ ပအိုဝ်းပြည်သူ့စစ်- PNO က ကရင်နီပြည်နယ်က အရပ်သားတွေကို ပစ်မှတ်ထား ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်း တင်နေတဲ့ Burma War Crime Investigation- BWCI အဖွဲ့က ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြုလုပ်တဲ့ BWIC ရဲ့ “မင်းတို့အသက်ပဲ လိုချင်တယ်”ဆိုတဲ့ ဆွေးနွေးပွဲမှာ BWIC ရဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလအထိ ၈ လအတွင်း စစ်ကောင်စီ လက်အောက်ခံ PNO က ကရင်နီပြည်ရှိ အရပ်သား ၂၇ ဦးကို ဖမ်းဆီးပြီး ၅ ဦး သတ်ဖြတ်ခဲ့တယ်လို့ BWIC က ဆိုပါတယ်။

“ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ကယန်း၊ ကယားလူမျိုးတွေပါ။ ဗမာလည်း နှစ်ယောက်တော့ ပါတယ်။ အဓိက ကရင်နီ အရပ်သားတွေကို ပစ်မှတ်ထားတာပေါ့နော်” လို့ BWIC ရဲ့ ပြောရေးဆိုခွင့်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

PNO ရဲ့ ဖမ်းဆီးတာ ခံရတဲ့အထဲ အမျိုးသား ၂၃ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ကာ ၅ ဦးဟာ သတ်ဖြတ်ခံရပြီး ၈ ဦးပြန်လည် လွှတ်မြောက်လာပေမဲ့ ၉ ဦးကတော့ ပျောက်ဆုံးနေဆဲလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“သေနတ် ထမ်းလို့ရရင် ထမ်းမယ်။ ကျနော်တို့ကို မသတ်ပါနဲ့လို့ ရှိခိုးတောင်းပန်၊ မျက်ရည်တွေနဲ့ တောင်းပန်ပေမဲ့လည်း မင်းတို့အသက်ပဲ လိုချင်တယ်။ မင်းတို့ ကယန်း၊ ကယား၊ ကယောလူမျိုးတွေ မမြင်ချင်ဘူး လို့ သူတို့(PNA) စစ်သားတွေက ပြောတယ်” လို့ ဖမ်းခံရပြီး ပြန်လွှတ်​လာသူတစ်ဦးရဲ့ ပြောပြချက်ကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

PNO ရဲ့ ဖမ်းဆီသတ်ဖြတ်တာ ခံရတဲ့အထဲ ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့မြို့နယ်‌နဲ့ ရှမ်းတောင် ဆီဆိုင်၊ ဖယ်ခုံမြို့နယ်မှာ နေထိုင်သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်တပ်နဲ့ PNO ဘက်က အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ လူမျိုးစုတစ်စုကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ မလုပ်ဖို့ BWIC က တိုက်တွန်းထားပါတယ်။

BWCI ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပအိုဝ်းပြည်သူ့စစ်ဘက်ကတော့ တစ်စုံတစ်ရာ ပြန်လည် တုန့်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။