ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၄ ရက်၊ လက်ပံတန်း

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မှော်အင်းအုပ်စု မှော်အင်းရွာက အုပ်ချုပ်ရေးမှူး သန်းဦးဆိုသူဟာ ထွေအုပ်ရုံးသို့ စစ်မှုထမ်းစာရင်း သွားပို့စဉ် လမ်းမှာ ပစ်သတ်ခံခဲ့ရပါတယ်။

သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂ နဲ့ ၃ ရဲဘော်တွေက ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့မနက် ၈ နာရီ‌ကျော်က အုပ်ချုပ်ရေးမှူး သန်းဦးနဲ့ အပေါင်းအပါ ပျူစောထီး ၁ ဦး၊ ရာအိမ်မှူး ၁ ဦးဟာ လက်ပံတန်းမြို့ဘက် ဆိုင်ကယ် စီးလာစဥ် လွှစင်ကုန်းတာဆုံနားမှာ သာယာဝတီခရိုင် PDF က သတင်းရလို့ စောင့်ကြိုပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အုပ်ကြီးက ဆိုင်ကယ် ၁ စီး ပျူစောထီးနဲ့ရာအိမ်မှူးက ဆိုင်ကယ် ၁ စီးကို အတူစီးလာကြပါတယ်။ အနားရောက်မှ အုပ်ကြီးရဲ့ ရင်ဘတ်နဲ့ ခေါင်းတွေရော တခြားနေရာတွေရောကို သေနတ်နဲ့ ၁၂ ချက် ပစ်တာ ပစ်တဲ့နေရာမှာတင် သေပါတယ်။ အုပ်ကြီး သေတာမြင်ရော ပျူနဲ့ရာအိမ်မှူးက ဆိုင်ကယ်နဲ့ မောင်းထွက်ပြေးကြပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပျုစောထီးနဲ့ ရာအိမ်မှူး ထွက်ပြေးသွားကြပြီးနောက် လက်ပစ်ဗုံး ၂ လုံး၊ ငွေသား ၁ သိန်း၊ ဆိုင်ကယ် ၁ စီး၊ စည်းတံဆိပ်တုံး ၂ ခု၊ မှတ်ပုံတင် ၂ ခု၊ စစ်မှုထမ်းရမယ့် နာမည်စာရင်းပါ စာရွက်စာတမ်း‌နဲ့ အခြားစာရွက်စာတမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လူငယ်တွေ စစ်မှုထမ်းဖို့ လူစုတာ၊ စစ်မှုထမ်းကြေး ကောက်တာ၊ ဒေသခံဆီကနေ ငွေ​ အတင်းအကြပ် ကောက်ခံပြီး ငွေမပေးသူ‌တွေကို စစ်တပ်ကိုခေါ်ကာ ဖမ်းဆီးခိုင်းတာတွေ ပြုလုပ်နေတာကြောင့် အရေးယူရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတွေမှာ ဒေသခံတွေဆီကနေ စစ်မှုထမ်းကြေးဆိုပြီး လိုက်ကောက်နေတဲ့ အုပ်ကြီးနဲ့ ပျူစောထီးကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲတွေက လိုက်လံ တိုက်ခိုက်လို့ ၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။