ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ဟားခါး

ချင်းပြည်နယ် ဟားခါးမြို့နယ် Halta ရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် ၅ ဦး ဒဏ်ရာရပြီး လူနေအိမ် ၄ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Halta ရွာဟာ မြို့တော် ဟားခါးနဲ့ မိုင် ၇၀ လောက်ဝေးပြီး ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ကျေးရွာ ဖြစ်ပေမဲ့ တပ်စခန်း ချတာ၊ လှုပ်ရှားတာတွေမရှိဘဲ အရပ်သား နေထိုင်တဲ့ကျေးရွာ ဖြစ်ပါတယ်။

စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ အရပ်သားတွေ နေထိုင်တဲ့ Halta ရွာကို မနေ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၁ နာရီခန့်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ရွာမှာတော့ ဘာပွဲမှ လုပ်တာတွေ၊ ထူးခြားတာတွေမရှိဘဲ ပုံမှန်ပါပဲ။ မနေ့က စစ်တပ်က ဗုံးကြဲသွားတယ်။ ရွာထဲကလူတွေ အလုပ် သွားကုန်တာကြောင့် ထိခိုက်မှု နည်းသွားတယ်။ ၅ ယောက်လောက် ထိခိုက်ဒဏ်ရာ ရသွားတယ်” လို့ Halta ရွာခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဗုံးကြဲ တိုက်ခိုက်လို့ Pu Dawt Uk နဲ့ ဇနီးဖြစ်သူ၊ ကလေးနှစ်ဦးအပါအဝင် နောက်ထပ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Pu Dawt Uk နဲ့ Pu Tial Uk တို့ရဲ့ နေအိမ်နှစ်လုံးဟာ ပျက်စီးသွားပြီး နောက်ထပ် နေအိမ် ၂ လုံးလည်း အနည်းငယ် ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။