လွေးထွေး၊ ဖေဖော်ဝါရီ ၂၃ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ လက်နက်တွေ သယ်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ စီးကို ချင်းကာကွယ်ရေးတပ် CDF-Asho က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ကား ၂ စီး ပျက်စီးခဲ့ကြောင်း ထုတ်ပြန်လာပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်မှာ ကား ၄ စီးပေါ် စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော် လိုက်ပါလာတာဖြစ်ပြီး နတ်ရေကန်လမ်းဟောင်းမှာ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း CDF-Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ရိုးချင်းက ရွှေဖီမြေကို ပြောပါတယ်။

“လတ်တလောမှာလည်း နေ့တိုင်းမဟုတ်ရင်တောင် စကစရဲ့ လှုပ်ရှားသွားလာမှုတွေကို ဖြတ်တောက် တိုက်ခိုက်မှုကတော့ ဖြစ်နေဆဲပါ။ အခု နတ်ရေကန် လမ်းဟောင်းတစ်ကြောလုံးမှာတော့ စကစတပ်တွေက နေရာတော်တော်များများမှာ တပ်စွဲနေရာယူထားပြီးမှ လုံခြုံရေးအပြည့် ယူထားပြီး ကားတွေနဲ့ နတ်ရေကန်ပေါ် တက်လိုက် ဆင်းလိုက် လုပ်နေပါတယ်”

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က သေဆုံးမှုအပြင် ဒဏ်ရာရသူလည်း များသလို CDF ဘက်ကလည်း တစ်ဦးကျဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း ငဖဲမြို့နယ် ပဒါန်းမြို့ အနောက်ဘက်က စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်အနီးက တပ်စခန်းကို CDF-Asho က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။