ပုံစာ – ဖမ်းဆီးခံရသူ ၁၅ နှစ်အရွယ် အမျိုးသမီးငယ် နန်းယိင်းဟွမ်

လွေးထွေး၊ ဖေဖော်ဝါရီ ၂၃ ရက်၊ မိုင်းယော်

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လုံမွန်းကျေးရွာက ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ကို ကိုးကန့်တပ်- MNDAA က လဝက်ကျော် ကြာတဲ့အထိ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကတည်းက အသက် ၁၅ နှစ်အရွယ် နန်းယိင်းဟွမ်ဆိုသူ အမျိုးသမီးငယ်ကို MNDAA က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်အထိ မိုင်းယော်မှာသာ ဖမ်းဆီးချုပ်နှောင်ထားဆဲ ဖြစ်ပါတယ်။

မိသားစုဝင်နဲ့ နီးစပ်သူက “ရွာဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ အဲဒီ စစ်သား (ကိုးကန့်တပ်သား)တွေ အချင်းချင်း ပစ်ခတ်မှုဖြစ်လို့ သေတာ။ အဲဒါကို နန်းယိင်းဟွမ်ကြောင့် ဖြစ်တယ်ဆိုပြီး ဖမ်းသွားတာ။ သူ့မိဘတွေက စိတ်ပူနေတာ အသက် မပြည့်သေးတဲ့ ကလေးလည်း ဖြစ်နေလို့လေ။ သူ့ကို အမြန် ပြန်လွှတ်စေချင်ပြီ” လို့ ပြောပါတယ်။

ကျေးရွာဘုန်းကြီးကျောင်းထဲ ရှိနေတဲ့ ကိုးကန့်တပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားရာကနေ တစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုဟာ နန်းယိင်းဟွမ်ကြောင့်လို့ စွပ်စွဲကာ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ အမျိုးသမီးငယ်ကို မိသားစုဝင်က တစ်ပတ်တစ်ကြိမ် တွေ့ခွင့် ရှိပေမဲ့ အထက်အမိန့်အရ လွှတ်ပေးခွင့် မရှိသေးကြောင်းသာ MNDAA က ပြန်လည် ပြောဆိုကြောင်း သူက ဆက်ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံတွေကို ရွှေဖီမြေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။