ဓာတ်ပုံ – Local

ပျားကြီး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မန္တလေး

မန္တလေးတက္ကသိုလ်အနီးက KBZ ဘဏ်ကို တစ်ကိုယ်တော် ဓားပြတိုက်ခဲ့တဲ့ ပျူစောထီးအဖွဲ့ဝင် သိန်းဇော်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ နေ့လယ်ပိုင်းမှာ မဟာအောင်မြေမြို့နယ်က KBZ ဘဏ်ခွဲ ၃၇ ကို သေနတ်ကိုင်ဆောင်ပြီး တစ်ကိုယ်တော် ဓားပြတိုက်ခဲ့တဲ့ သိန်းဇော်ဦးကို ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်က နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

“မြင့်ဖေသား သိန်းဇော်ဦးဆိုတာ ပြည်ခွန်မှာတော့ နာမည်ကြီးပဲ။ စစ်မှုထမ်းဖို့ လူစုပေးနေတဲ့သူ။ မဟုတ်တာအားလုံး လုပ်တယ်။ ဘီယာဆိုင် ထိုင်ရင်တောင် လက်ထိပ်ကို စားပွဲပေါ်တင်ပြီး ထိုင်တတ်တယ်။ သူ့အိတ်ထဲမှာ သေနတ်တစ်လက် အမြဲတမ်း ပါတယ်။ အခုတော့ သူတို့ပျူတွေအချင်းချင်း အဝေမတည့်လို့ ပြန်တိုင်လိုက်ပုံရတယ်။ သူ့အိမ်မှာပဲ ဖမ်းခံလိုက်ရတာ” လို့ ပြည်ကြီးတံခွန်မြို့နယ်က ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓားပြတိုက်မှု ကျူးလွန်ခဲ့သူ သိန်းဇော်ဦးကို ပြည်ကြီးတံခွန်မြို့နယ် လမ်း ၁၂၀ ၆၈ B လမ်းနဲ့ ၆၈ C လမ်းကြားက နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဓားပြတိုက်ခဲ့တဲ့ ငွေ သိန်းပေါင်း (၁,၁၀၀)ကျော်နဲ့ ကိုင်ဆောင်ခဲ့တဲ့ သေနတ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

သိန်းဇော်ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်ကလည်း လမ်း ၁၂၀၊ ၅၇ လမ်းနဲ့ ၅၈ လမ်းကြားက ကိုဟန်တင် ဆေးဆိုင်ကိုလည်း သေနတ်ပြ ခြိမ်းခြောက်ပြီး ငွေ ၁၅ သိန်း လုယက်ခဲ့သေးတယ်လို့ ရဲနဲ့နီးစပ်သူတွေက ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။