ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ နမ့်ခမ်း

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့ ဝိန်းဆာရပ်ကွက်မှာ အုတ်တံတိုင်း ပြိုကျတာကြောင့် မန်ဂူသီး ခူးနေတဲ့ ကလေးငယ်နှစ်ဦးကို ပိမိရာကနေ တစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၉ နာရီခန့်မှာ ယောက်ျားလေးနှစ်ဦးက မန်ဂူသီး ခူးစားဖို့ အုတ်တံတိုင်းပေါ် တက်ရာကနေ အုတ်တံတိုင်း ပြိုတာကြောင့် ထိခိုက်သေဆုံးခဲ့ကြတာလို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“သူတို့က ကျောင်းတက်နေရင်းနဲ့ သူတို့ သူငယ်ချင်း ၃ ယောက်က မန်ဂူသီး ခူးစားမလို့ အုတ်တံတိုင်းပေါ် တက်တာ။ အဲဒီအုတ်တံတိုင်းက ဟောင်းနေပြီ။ အုတ်တံတိုင်း မခံဘူးပေါ့။ ပြောရမယ်ဆိုရင် သူက အဲဒီအုတ်တံတိုင်းပေါ် တက်ပြီး အဲဒီအသီး ခူးဖို့ပေါ့။ အုတ်တံတိုင်းက ပြိုကျတာ။ သူ့ကိုဖိပြီး သေသွားတာ။ တစ်ယောက်ကျတော့ ခြေထောက် ဖိပြီး ဒဏ်ရာ ရသွားတယ်။ နောက်တစ်ယောက်က ဘာမှမဖြစ်ဘူး”

အုတ်တံတိုင်း ပြိုပိရာကနေ ဦးခေါင်းနဲ့ ရင်ဘတ် ထိပြီး သေဆုံးသွားတဲ့ ကလေးငယ်ဟာ ၁၂ နှစ်အရွယ်သာ ရှိသေးတဲ့ မောင်ကျောက်လောက်ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကတော့ ၇ နှစ်အရွယ် မောင်တင်ဝင်းဆိုသူပဲ ဖြစ်ပါတယ်။

သူတို့တွေဟာ နမ်ခမ်းမြို့ ဝိန်းဆာရပ်ကွက်မှာ နေထိုင်ကြတဲ့ တရုတ်လူမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။