ဓာတ်ပုံ – CJ

မြတ်နိုး၊ ဖေဖော်ဝါရီ ၂၂ ရက်၊ မံစီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံသာ(မံစီ)ကျေးရွာအုပ်စု မံသာ (မံစီ)ရွာမှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ထိခိုက်မှု၊ သေဆုံးမှုရှိကြောင်း ဒေသခံတွဆီက သိရပါတယ်။

“ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မံသာ(မံစီ)ရွာမှာ စစ်ကောင်စီက Y-12 တိုက်လေယာဉ်နဲ့ ဗုံး လာကြဲသွားတာပါ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ညနေ ၄ နာရီကနေ ၄ နာရီခွဲအထိ ဗုံး ၄ လုံး လာကြဲသွားပြီး ပေါက်ကွဲသံ ၁၂ ခါ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

“နေအိမ် ၃ အိမ် ထိခိုက်ပျက်စီးသွားတယ်။ အသက် ၈ နှစ်အရွယ် မောင်ငွါးဆာလနဲ့ အသက် ၂၀ အရွယ် မယာမဆီး သေဆုံးသွားတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၃ ဦးရှိပြီး အသက် ၈ လအရွယ် ငွါးယေမီးက ဘယ်ဘက်ပါးနဲ့ ဘယ်ဘက်လက် ထိခိုက်ဒဏ်ရာရပြီး အသက် ၁၀ နှစ်အရွယ် မောင်လုကာက ညာဘက်ပါင်မှာ ထိခိုက်ဒဏ်ရာရကာ ၂၇ နှစ်အရွယ် ဒေါ်ထွန်းစန္ဒာက ဘယ်ဘက်လက်မှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ဗန်းမော်မြို့ရဲ့ တစ်ဖက်ကမ်းက စစ်ရှောင်တွေရှိတဲ့ ရေလဲရွာဘက် တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၂ နာရီခန့်ကလည်း မိုးမောက်မြို့နယ် ဝက်ငင်းနဲ့ နှင်းအီရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၀ နှစ်အောက် ကလေးငယ် ၃ ဦးအပါအဝင် မိသားစု ၇ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။