ဓာတ်ပုံ – TLEC

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၂ ရက်

တအာင်းပြည် ပညာရေးကောင်စီ- TLEC က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဆရာဆရာမ (၁,၅၀၀)ကျော် ခေါ်ယူနေပြီဖြစ်ကြောင်း TLEC က‌ မနေ့ ဖေဖော်ရီ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

လာမယ့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ အခြေခံပညာ စာသင်ကျောင်း ၇၀၀ ကျော် ဆက်လက် ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

အခြေခံပညာ စာသင်ကျောင်းတွေ ဆက်လက် ဖွင့်လှစ်သွားနိုင်ဖို့ အရည်အချင်း ပြည့်ဝတဲ့ ဆရာဆရာမတွေလိုအပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းရှိ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပညာရေးဌာနမှ CDM ပြုလုပ်ထားသူ ဆရာဆရာမ ၅၀၀ ဦးနဲ့ TLEC မှာ တာဝန်မထမ်းဆောင်ရသေးတဲ့ ဆရာဆရာမ အသစ် ၁ ထောင် ခေါ်ယူကာ ခန့်အပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

TLEC မှ တာဝန်ရှိသူတစ်ဦးက “Non CDM ဝန်ထမ်းကလွှဲလို့ အကုန်လျှောက်လို့ ရတယ်။ ပညာရေး CDM မဟုတ်ရင်တော့ ၃ လသင်တန်း အရင်တက်ရမှာပါ။ သင်တန်းက ဧပြီလမှ ဇွန်လအထိ တက်ရမှာဖြစ်တယ်။ သင်တန်းက တအာင်းပြည်အတွင်းထဲမှာပဲ တက်ရမှာ” လို့ ပြောပါတယ်။

CDM ဆရာဆရာမတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာနိုင်သူဖြစ်ပြီး ၁ နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမှာဖြစ်ပြီး ဆရာဆရာမအသစ်တွေအနေနဲ့ TLEC က ဖွင့်လှစ်မယ့် စွမ်းရည်မြှင့်တင်ရေးသင်တန်း ၃ လကို တက်ရောက်နိုင်သူ ဖြစ်ရမှာဖြစ်ပြီး အနည်းဆုံး တာဝန် ၂ နှစ် ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

လျှောက်လွှာ ပိတ်ရက်ဟာ CDM ဆရာဆရာမတွေအနေနဲ့ မေလ ၂၅ ရက်ဖြစ်ပြီး ဆရာဆရာမအသစ် (Preservice teacher)တွေကတော့ ဧပြီ ၁ ရက် ဖြစ်တယ်လို့ ဆိုပါတယ်။

တအာင်းပြည်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကစပြီး စာသင်ကျောင်း‌တွေကို ၃ နှစ်ကြာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ စာသင်ကျောင်းပေါင်း ၆၀၀ ကျော်၊ ကျောင်းသူကျောင်းသား (၆၆,၀၀၀)ကျော်၊ ဆရာဆရာမ (၃,၅၀၀)ကျော်နဲ့ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းပြည်အတွင်းက ကျောင်းနေရွယ် ကျောင်းသူကျောင်းသားတွေ ပညာရေးအခွင့်အလမ်း ရရှိစေပြီး အရည်အသွေးပြည့်မီတဲ့ ပညာရေးစနစ် ဖြစ်ပေါ်လာစေဖို့နဲ့ ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေဖို့ ဦးတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

အလုပ်ခေါ်စာနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းလိုသူတွေအနေနဲ့ Viber & Telegram 09 974 388 152, Signal 09 890 677 837, Email- [email protected], Facebook page- Ta’ang Land Education Council- TLEC တအာင်းပြည် ပညာရေးကောင်စီကနေပြီးတော့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။