ဓာတ်ပုံ- APM

အိုက်ပွီး၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ပေါက်တော

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ ပေါက်တောမြို့နယ်က ရိုဟင်ဂျာရွာနဲ့ ရခိုင်ကျေးရွာ ၁၀ ရွာထက်မနည်းကို မနေ့ ဖေဖော်ဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်မှာ Y-12 လေယာဥ်နဲ့ ဗုံးသီး အလုံးရေ ၅၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“မနေ့က လေယာဥ်နဲ့ပတ်ပြီး ဗုံးကြဲသွားတာပါ။ ရွာတွေမှာက ဘာမှထူးခြားတာတွေလည်း မရှိဘူး။ ပုံမှန်အခြေအနေအတိုင်းပါပဲ။ ရွာသားတွေကလည်း သူ့အလုပ်သူ လုပ်နေကြတာပါ။ တချို့တွေဆို အလုပ် လုပ်နေရင်း ဗုံးစတွေ ထိမှန်ကုန်တယ်” လို့ ပေါက်တောမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူတွေဟာ ရခိုင်ရွာဖြစ်တဲ့ ကျောက်တောင်ရွာက ၅ နှစ်အရွယ် ယောကျာ်းလေး ၁ ဦး၊ ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး၊ ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ ၅၀ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲလည်း ကလေးငယ် ပါဝင်ပြီး ၎င်းတို့ဟာ လုံခြုံတဲ့နေရာတွေမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။

အသက်အန္တရာယ် စိုးရိမ်နေရတဲ့ လူနာတွေ ရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ဗုံးစ ထိမှန်လို့ အရပ်သားနေအိမ် အများစုလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ပေါက်တောမြို့ပေါ် ရပ်ကွက်တချို့မှာလည်း စစ်တပ်က ဗုံးသီး ၁၀ လုံးထက်မနည်း ကြဲချသွားပြီး ဖုန်းဆက်သွယ်လို့ မရတာကြောင့် ထိခိုက်ပျက်စီးမှု ရှိနိုင်ပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။