ဓာတ်ပုံ – Local

အင်းငယ်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ မန္တလေး

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ အသက် ၆၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဖြစ်တဲ့ ဒေါ်စန်းရီ သေဆုံးမှုကို စစ်ကောင်စီဘက်က သတင်းဖုံးဖိထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်- PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒေါ်စန်းရီဟာ သွေးတိုး၊ ဆီးချို၊ နှလုံး၊ အသဲ ရောဂါအခံ ရှိသူဖြစ်ပြီး ထောင်တွင်းလုံလောက်တဲ့ ဆေးကုသခွင့် မရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက သေဆုံးသွားတာပါ။

PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ ကိုသိုက်ထွန်းဦးက “ထောင်ဝင်စာ ဧည့်တွေ့ခွင့်တွေကတော့ အများနည်းတူ ပေးတယ်။ သို့သော်လည်းပဲ မိသားစုဝင်တွေရဲ့ အချိတ်အဆက်က အနည်းငယ် ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိကာလအရ ကုန်ကျစရိတ် ကြီးမြင့်နေတဲ့ အခြေအနေမျိုးမှာ ပြင်ပမှာရှိတဲ့ မိသားစုဝင်တွေအတွက် စဉ်းစားပြီးမှပေါ့နော်။ အပြင်မှာ သွားကုဖို့ မလုပ်ဆောင်နိုင်ခဲ့ဘူးပေါ့။ ဆိုတော့ အခွင့်အရေး ရခဲ့ရင်တောင်မှ ကုသနိုင်မယ့် ငွေကြေး မရှိဘူးပေါ့” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဧပြီ ၂၂ ရက်က ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းဗုံးဖောက်ခွဲဖို့ ကြံစည်တဲ့ လူငယ် ၄ ဦးကို နေအိမ်မှာ ဝှက်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရပြီး စစ်ကောင်စီ လက်အောက်ခံ တရားရုံးက ပုဒ်မ ၅၂(က)၊ ၅၀(ည)နဲ့ ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီ လက်အောက်ခံ ထောင်အာဏာပိုင်နဲ့ အကျဉ်းဦးစီးဌာန ဝန်ထမ်းက ထောင်တွင်း ဆေးကုသခွင့် မရရှိမှုကို သတင်းပေါက်ကြားမှာ စိုးရိမ်တာကြောင့် ၎င်းသေဆုံးမှုကို သတင်းဖုံးဖိထားတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း အိုးဘိုထောင်မှာ ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်အဆုံးပေါ့နော်။ အနည်းဆုံး ၃ ဦးခန့် ဆေးကုသခွင့် မရလို့ သေဆုံးခဲ့ဖူးပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်ကလည်း ၂၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရန်နိုင်ထက်ဟာလည်း ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် ပြင်းထန်ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတယ်လို့ နီးစပ်တဲ့ နိုင်ကျဉ်းဆီကတဆင့် သိရပါတယ်။

အခုလို လုံလောက်စွာ ဆေးကုသခွင့် မရတာကြောင့် နိုင်ကျဉ်းတွေ သေဆုံးရတဲ့အပေါ် PPNM အနေနဲ့ ဝမ်နည်းပူဆွေးရပြီး ကျန်ရှိတဲ့ နိုင်ကျဉ်းတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ပေးကြဖို့ တောင်းဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။