ဓာတ်ပုံ – PLA

ခိုင်လေး၊ ဖေဖော်ဝါရီ ၂၀ ရက်၊ တောင်သာ

မန္တလေးတိုင်း တောင်သာမြို့နယ် ထနောင်းကုန်းရွာ ပျူစောထီးစခန်းကို PLA နဲ့ မဟာမိတ် ပူး‌ပေါင်းတပ်ဖွဲ့‌က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်‌သား ၂ ဦး‌ သေဆုံးခဲ့ကာ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA အနောက်မြောက်စစ်ဒေသ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မြင့်နိုင်က ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းမှာစစ်တပ်နဲ့ ပျူစောထီးရှိတဲ့ ထနောင်းကုန်းရွာ တပ်စခန်းကို PLA ရဲ့ အနောက်မြောက်စစ်ဒေသ အမှတ်(၈၁၅)တပ်ဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အဲစခန်းမှာက ပြည်သူ့စစ်ချည်းပဲ ၄၀ ကျော်လောက် ရှိတယ်ဗျ။ တောင်သာနယ်မှာတော့ ရန်သူရဲ့ အဓိက အင်အားဖြန့် စစ်ကြောင်း ထိုးရင်တော့ အဲပျူရွာကနေ လာတာများတယ်။ ကျ‌နော်တို့ဘက်က စခန်းကို မသိမ်းနိုင်ရင်တောင် ရန်သူကို စစ်ရေးအရ ခြိမ်းခြောက်မှု ပေးနိုင်မှာပေါ့” လို့ ရဲဘော် မြင့်နိုင်က ပြောပါတယ်။

Mi 35 ရဟတ်ယာဉ်နဲ့ နာရီဝက်ကြာ လေကြောင်းပစ်ကူ ပေးခဲ့တာကြောင့် စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာမျိုးမရှိဘဲ ရန်သူရဲ့ လက်နက်ခဲယမ်း‌တွေကိုသာ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ကာဘိုင် ၂ လက်၊ KIA ထုတ် KA ၁ လက်၊ ပွိုင့် ၂၂ လက်လုပ်အတို ၂ လက်၊ MG 1 လက်ပစ်ဗုံး ၁ လုံး၊ ကာဘိုင် ကျည်ဘောက်အပို ၄ ခု၊ ကာဘိုင်ကျည် ၁၀၅ တောင့်၊ ပွိုင့် ၂၂ ကျည် ၈ တောင့်၊ စစ်ဦးထုပ် ၂ လုံး၊ ဖုန်း ၃ လုံး အင်ဗာတာအသေး ၁ လုံး၊ ငွေ (၁၅,၂၀၀)ကျပ်၊ သေနတ်ပစ်ပြိုင်ပွဲဝင် ဆုတံဆိပ် ၆ ခု သိမ်းဆည်းရမိခဲ့တယ်လို့ PLA ဘက်က ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA (အနောက်မြောက်စစ်ဒေသ) အမှတ် ၈၁၅ တပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့က‌ ထုတ်နှုတ်အင်အားနဲ့ နပတ(၇၀၄) တပ်ပေါင်းစုတပ်ရင်းက ထုတ်နှုတ်အင်အား ပူးပေါင်းပြီး ဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။