ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မီဇိုရမ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသားနှစ်ဦးဆီကနေ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးနဲ့အတူ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က ဖမ်းဆီးရမိတယ်လို့ အိန္ဒိယသတင်းဌာနဖြစ်တဲ့ The Print က မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ရေးသားထားပါတယ်။

အဲဒီမူးယစ်ဆေးကို အိန္ဒိယ-မြန်မာနယ်စပ် ကျန်ဖိုင်ခရိုင် ဇိုခေါ်ထာရ်ရွာမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး စိတ်ကြွဆေးပြား ၉.၂၉ ကီလိုဂရမ် ကာလတန်ဖိုး ဒေါ်လာ သုံးသန်းကျော် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးနဲ့ မူးယစ်ဆေးကို ဆက်လက် စစ်ဆေးနိုင်ဖို့ အာသံရိုင်ဖယ်တပ်က မီဇိုရမ် ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဖော်ပြပေမဲ့ နာမည်နဲ့ မြို့နယ်နာမည်ကိုတော့ သတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။

ဇိုခေါထာရ်ရွာမှာ စစ်ဘေးရှောင်နေတဲ့ မြန်မာနိုင်ငံတစ်ဦးကတော့ ဖမ်းဆီးခံရသူနှစ်ဦးဟာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ ဒေသခံနှစ်ဦးဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ဆလိုင်း လာလ်ထန်းဗဲလ်လာနဲ့ အသက် ၂၆ နှစ်အရွယ် ဆလိုင်းဇိုင်းထန်းပွီးအာတို့ ဖြစ်တယ်လို့ ရွှေဖီမြေသို့ ပြောပါတယ်။

“ရိဒ်ခေါဒါရ်ဘက်က ချင်းတွေပါ။ ပူဟရန်းထန်ဇဲမ်မာနဲ့ ပူရာလ်ဒိုထန်းနာတို့ရဲ့ သားတွေပါ။ လောလောဆယ်တော့ သူတို့တွေကို ပြည်နယ်ရဲအဖွဲ့က ဘယ်လို အရေးယူဆောင်ရွက်သွားမလဲဆိုတာတော့ မသိရသေးဘူး။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးက ကာလတန်ဖိုး အတော်များတယ်”

အိန္ဒိယ-မြန်မာ မီဇိုရမ်ပြည်နယ်မှာ မကြာခဏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး အခုဖမ်းမိတဲ့ မူးယစ်းဆေး ပမာဏဟာ မီဇိုရမ်ပြည်နယ်မှာ ဖမ်းမိတဲ့ထဲ ပမာဏအများဆုံးထဲကတစ်ခု ဖြစ်တယ်လို့ နှစ်နိုင်ငံနယ်စပ်ဒေသခံတွေက သုံးသပ်ပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ အရက်သေစာ ရောင်းချခွင့်ကို ပြည်နယ်အစိုးရက ပိတ်ပင်ထားပေမဲ့ မူးယစ်ဆေးဝါးသုံးစွဲမှု အလွန်မြင့်မားနေတာကြောင့် ၂၀၂၄ ခုနှစ် တစ်နှစ်ထဲ မူးယစ်ဆေးဝါး သုံးစွဲမူကြောင့် လူ ၆၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

မီဇိုရမ်က ပလက်ဝ စစ်ရှောင်စခန်းမှာ လသားအရွယ်ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ဖြစ်ပွားနေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောက်တလိုင်ခရိုင် ကာကီရွာက ပလက်ဝ စစ်ဘေးရှောင်စခန်းမှာ ၈ လသားအရွယ် ကလေး ၁ ဦးအပါအဝင် ၄၂ ဦး ကာလဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ထိုင်းရဲချုပ် အမိန့်ကြောင့် ၆ ရက်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သား ၅၀၀ ကျော် ဖမ်းဆီးခံရ၊ အများစုကို စစ်မှုထမ်းအတွက် ပြန်ပို့နေ

အင်းငယ်၊ ဖေဖော်ဝါရီ ၂၃ ရက် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေဟာ ဖေဖော်ဝါရီ ၁၇ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃…

မလေးရှားမှာ ၁၀ ရက်အတွင်း အထောက်အထားမဲ့ မြန်မာလုပ်သား ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ဒီနေ့ ၂၈ ရက်နေ့အထိ ၁၀ ရက်အတွင်း အထောက်အထားမဲ့ ကလေးအပါအဝင် မြန်မာနိုင်ငံသား ၁ ထောင်ကျော် ဖမ်းဆီးခံရတယ်လို့ လူမှုကူညီရေး ဆောင်ရွက်ပေးသူတွေဆီက သိရပါတယ်။