ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၉ ရက်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်က တရုတ်မှာ နှစ်ရက်တာ တွေ့ဆုံဆွေးခဲ့ကြတဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်ရဲ့ ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အချက် ၃ ချက်ကို အဓိထား ဆွေးနွေးခဲ့တယ်လို့ တအာင်းတပ်ဘက်က ထုတ်ပြန်ပါတယ်။

ဆွေးနွေးခဲ့တဲ့ အချက် ၃ ချက်ကတော့ နှစ်ဖက်တပ် ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ထားပြီး အပစ်အခတ် ရပ်စဲရန်၊ နှစ်ဖက်စလုံး ထိုးစစ် ပြုလုပ်ခြင်း၊ ဒရုန်းနဲ့ တိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်း စတဲ့စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်တန့်ရန်၊ နှစ်ဖက် ထိန်းချုပ်နယ်မြေဒေသတွေမှာ ဒေသခံလူထုတွေအနေနဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေ သယ်ဆောင်နိုင်ဖို့အတွက် ဖြတ်သန်းသွားလာခွင့်ပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ နှစ်ဖက်တောင်းဆိုမှု အပြန်အလှန် ပြုလုပ်ခဲ့ကြပြီး ဆက်လက်ဆွေးနွေးဖို့ ခက်ခဲလာတဲ့အတွက် ၁၇ ရက်နေ့ ညနေပိုင်းမှာ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တပ်ဘက်က ဆွေးနွေးပြင်ဆင်မှု ပြုလုပ်ပြီးမှသာ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံနိုင်ဖို့အတွက် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ပြောဆိုကာ တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။