ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပြင်ဦးလွင်ခရိုင်)

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ စဥ့်ကူး

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၁၀ နာရီ ၄၀ မိနစ်မှာ လက်ပန်လှရွာ ပြည်စိုးအောင်ရပ်ကွက်ကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၄၃ နှစ်အရွယ် မစန်းစန်းမွန်ဆိုသူ သေဆုံးခဲ့ပြီး ၅၃ နှစ်အရွယ် ဦးခင်မောင်မြင့်နဲ့ ၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

“ပေါင် ၅၀၀ နဲ့ လာကြဲတာ။ တစ်ဦးသေ ၂ ဦး ဒဏ်ရာရတယ်။ အခု လာကြဲတဲ့နေရာက ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာပါ” လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စဥ့်ကူးမြို့ကို ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်မှာ မန္တလေး PDF နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပြီး စစ်တပ်က စဥ့်ကူးမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်တာ ရှိပြီးတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ မကြာခဏ သေဆုံးတာလည်း ဆက်ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။