ဓာတ်ပုံ – CJ

ပို့လဘား၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မုံးစီး

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ဆိုင်းခေါင်ကျေးရွာမှာ ကလေးငယ် ၂ ဦး ဗုံး‌ ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ ကလေးငယ် ၂ ဦးက M9 ဗုံးသီးအမျိုးအစားကို ယူကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“သူတို့ဘေးအိမ်က အဒေါ်တစ်ယောက် အဲဗုံးကို ဘယ်ကနေ ယူလာလဲတော့ မသိဘူး။ သူ့အိမ်မှာရှိတဲ့ ကုတင်အောက် ထား ထားတာ။ အဲကလေးနှစ်ယောက်က သူ့အိမ်မှာ သွားမွှေတာပေါ့။ ကလေးဆိုတော့လေ သူများအိမ်မှာ မွှေတတ်တယ်။ သူတို့နှစ်ယောက် မွှေရင်းနဲ့ အဲဗုံးကို တွေ့ပြီး ယူသွားလိုက်တာ။ သူတို့‌အိမ်ဘေးမှာ အဲဗုံးကို ခွဲလိုက်တာပေါ့။ ဗုံးက ပေါက်ပြီး တစ်ယောက်က ပွဲချင်းသေဆုံးသွားပြီး တစ်ယောက်ကတော့ ဒဏ်ရာ ရတယ်”

သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၁၂ နှစ်အရွယ် မိုင်းညီလင်းထက်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရသူကတော့ ၁၂ နှစ်အရွယ် မိုင်းအိုက်ကယ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ မြေမြှုပ်မိုင်း နင်းမိသူ ၅ ဦး ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ရွာမှာ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။