ခိုင်လေး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)ကနေ ထွက်လာတဲ့ ယာဥ်တန်းကို ပြောက်ကျားတပ်ဖွဲ့- Royal Tiger Force နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ပဒေသာမိုင်း ၁၅ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၄ နာရီကျော်မှာ စစ်ကိုင်းမြို့ဘက်သွားဖို့ မုံရွာမြို့ နမခကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကား ၇ စီးကို ပဒေသာမိုင်း ၁၅ လုံးနဲ့‌ ဖောက်ခွဲဖို့ ပွိုင့်သုံးပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တာလို့ Royal Tiger Force မှ ပြောခွင့်ရသူ ကို Zero က ရွှေဖီမြေကို ပြောပါတယ်။

“တတိယမြောက် ကားက ပွိုင့်တည့်တည့်ကျပြီး ပျက်စီးသွားတယ်။ သူတို့ အဲကားကို နတ်ရေကန် ဂိတ်မှာဘဲ ထားခဲ့တယ်။ သေတဲ့နှစ်ယောက်နဲ့ ဒဏ်ရာရတဲ့သူတွေကို စစ်ကိုင်းဘက် ခေါ်သွားတယ်လို့ သိရတယ်”

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ အခုလို တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ ရှိတာကြောင့် ဒေသခံတွေအနေနဲ့ ခရီးသွားတာတွေ မပြုလုပ်ဖို့၊ သွားလာမယ်ဆိုရင်လည်း စစ်ကောင်စီရဲ့ ယာဉ်တန်းနဲ့ ခပ်ဝေးဝေးမှာသာ သွားလာကြဖို့ ကို Zero က ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြောက်ကျားတပ်ဖွဲ့- Royal Tiger Foce၊ မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်(၁၅)တပ်ရင်း တပ်ခွဲ(၃)၊ နွေဦးညီအစ်ကိုများစစ်ကြောင်းက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း မုံရွာမြို့ နမခမှ ထွက်ခွာလာတဲ့ စစ်တပ်ရဲ့ သံပြားကာ ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ချောင်းဦး-မြင်းမူ ကားလမ်းမကြီးအတိုင်း စစ်ကြောင်း ထိုးလာတဲ့ စစ်သား ၃၀ ခန့်ပါတဲ့ စစ်ကြောင်းကိုလည်း ဒရုန်းနဲ့ လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။