ဓာတ်ပုံ – Local

လွေးထွေး၊ ဖေဖော်ဝါရီ ၁၉ ရက်၊ တန့်ယန်း

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တန့်ယန်းမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှ အမျိုးသားအများစုဟာ မူးယစ်ဆေး သုံးစွဲနေကြပြီး ရှမ်းတပ်မတော်- SSPP/SSA ကို တိုင်ကြားရင် လာရောက် ဖမ်းဆီးတာ ရှိပေမဲ့ ငွေပေးရင် ပြန်လွှတ်ပေးနေတယ်လို့ ဖြစ်စဥ္သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တန့်ယန်းမြို့နယ် ကလန့်ကဒေါ၊ မန်မက်၊ နမ့်ခမ်း၊ နာစောက်နဲ့ နာစေရွာ စတဲ့ကျေးရွာက ဒေသခံတွေ မူးယစ်ဆေး သုံးစွဲလာကြတာပဲ ဖြစ်ပါတယ်။

“ဒီနှစ်ထဲမှာ သူတို့က ပိုအသုံးများလာတယ်။ ဒီအနီးအနားမှာဆို ရှမ်းစစ်သား ရှိတယ်။ သူတို့ကို သွားတိုင်တယ်။ ဖမ်းပေးတယ်။ နောက်တစ်ရက် နှစ်ရက်ဆို သူတို့တောင်းသလောက် ပိုက်ဆံ ၅ သိန်းလား ၁၀ သိန်းလား ပေးရင် အကုန်ပြန်လွှတ်တာဘဲ။ ဘာမှ အကျင့်စရိုက် ပြုပြင်ပေးတာ မရှိဘူး။ အဲဒါကြောင့် ဒီကလူတွေဟာ ဆင်းရဲသည်ထက် ဆင်းရဲနေတာ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

SSPP/SSA ဟာ အမျိုးအစားအလိုက် မူးယစ်ဆေးဝါး သုံးစွဲသူကို ဖမ်းဆီးငွေတောင်းနေပေမဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကိုတော့ ဖမ်းဆီးအရေးယူတာ မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ကျေးရွာတစ်ရွာမှာ အိမ်ခြေ ၃၀ ကျော်ရှိရင် ၂၀ ကျော်လောက်က မူးယစ်ဆေး သုံးစွဲကြပြီး သုံးစွဲသူတွေထဲ အမျိုးသားက ပိုပြီး သုံးစွဲကြတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှု နောက်ဆက်တွဲအနေနဲ့ အိမ်တွင်းအကြမ်းဖက်မှုပြသာနာ မကြာခဏ ဖြစ်ပွားပြီး မူးယစ်ဆေးဝါး‌ သုံးစွဲသူအပြင် ရောင်းဝယ်သူတွေကိုပါ ထိထိရောက်ရောက် အရေးယူပေးစေချင်ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်ကို စာပို့တာအပြင် ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။