ဓာတ်ပုံ – KNDF

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဖယ်ခုံ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး KNDF ထံ ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ရဲ့ ဗဟိုနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

ဖေဖော်ဝါရီလအတွင်း စစ်တပ်ဘက်က လက်နက်နဲ့အတူ အလင်းဝင်လာသူ ၅ ဦး၊ လက်နက်မဲ့နဲ့ အလင်းဝင်လာသူ ၈ ဦးရှိပြီး မိုးဗြဲမြို့မှာ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲ ဆက်ဖြစ်နေတာကြောင့် ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ပိုများလာတာလို့ ဆိုပါတယ်။

“မိုးဗြဲမှာ ထိတွေ့တိုက်ပွဲ နေ့တိုင်း ဖြစ်နေပါတယ်။ အခု အလင်းဝင်လာတဲ့သူတွေက မိုးဗြဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်” လို့ KNDF ရဲ့ ဗဟိုနဲ့ သတင်းပြန်ကြားရေး တာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်ဟာ ရှေ့တန်း စစ်မြေပြင်မှာ ၎င်းတို့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းထားသူတွေကို အသုံးပြုနေတာ တွေ့ရပြီး စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံရသူတွေအနေနဲ့ ဘက်ပြောင်းခိုလှုံကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ကရင်နီတော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်က ပြန်လည် ထိန်းချုပ်ဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

မိုးဗြဲမြို့ရဲ့ နေရာအများစုကို ကရင်နီ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မိုးဗြဲမြို့အနီးမှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၄၂၂)တော့ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း မိုးဗြဲမှာ စစ်တပ်နဲ့ ကရင်နီ တော်လှန်ရေး အင်အားစုတွေအကြား ၁ လလုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလထဲ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၃၀ ကျော် သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဘက်ကတော့ မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။