လွေးထွေး၊ ဖေဖော်ဝါရီ ၁၈ ရက်၊ တန့်ယန်း

ရှမ်းမြောက် တန့်ယန်းမြို့နယ် နာစေကျေးရွာက မိသားစုဝင် ၄ ဦးဟာ ၈ လနီးပါးကြာတဲ့အထိ ပျောက်ဆုံးနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီမိသားစုဝင် ၄ ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက နာစေရွာကနေ ကလန့်ကဒေါရွာဘက် ကလေးကျောင်းတက်ဖို့ ခြေလျင်နဲ့ လာပို့ချိန် လမ်းတစ်ဝက်အရောက်မှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက ဆိုင်ကယ် ၂ စီးနဲ့ ရွာကို ပြန်ပို့မယ်ဆိုပြီး ခေါ်သွားခဲ့တယ်လို့ နာစေရွာခံတစ်ဦးရဲ့ ပြောပြချက်ကို အထက်ပါ အမျိုးသားက ရွှေဖီမြေကို ပြန်ပြောပြပါတယ်။

“အပေါ်ရွာ(နာစေ)မှာ သူတို့နေတာကြာပြီ။ ၆ လပိုင်းရောက်တော့ ကျောင်းပြန်ဖွင့်မယ်ကြားပြီး သူတို့သားအကြီးကို ကျောင်း လာထားဖို့ ဆင်းလာတာ။ အဲအချိန် ခေါ်သွားခံရတာ။ အဲကတည်းက အဆက်အသွယ် မရတော့တာ။ ၈ လပိုင်းလောက်မှာ သူများတွေက လားရှိုးမှာ ပြန်တွေ့တယ် ပြောကြပေမဲ့ သူတို့အမျိုးတွေ သွားရှာကြတာ မတွေ့ခဲ့ဘူး”

အသက် ၂၀ ကျော်အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၉ နှစ်အရွယ် မိုင်းအိုက်ဆွေ၊ အသက် ၂ နှစ်နဲ့ ၄ နှစ်အရွယ်သာ ရှိသေးတဲ့ မိုင်းအိုက်ဆွေရဲ့ မောင်လေးနဲ့ ညီမလေးတို့ ပျောက်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ သတင်းအစအန မရသေးတာကြောင့် လူကုန်ကူးခံနေရမှာကို ဆွေမျိုးအသိုင်းအဝိုင်းတွေက စိုးရိမ်နေကြပြီး အဲဒီမိသားစုဝင်ကို တွေ့ရင် အကြောင်းကြားပေးဖို့ကို တောင်းဆိုထားပါတယ်။

အလားတူ ၂၀၂၅ ခုနှစ် နှစ်စအတွင်းမှာတင် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာလည်း အခုလို မကြာခဏ အရပ်သား ပျောက်ဆုံးမှု ရှိနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။