ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းတော်လှန်ရေးတပ်နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေကို ပြောပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ စစ်စခန်းတွေဟာ ဖေဖော်ဝါရီ ၁၅ ရက်က အောင်သာယာ (ရွာသစ်)စခန်းနဲ့ အောင်သာယာ (ရွာဟောင်း)စခန်း၊ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်က မှန်တောစခန်းနဲ့ ကြံသာရွာစခန်း ဖြစ်ပါတယ်။

အဲဒီစခန်းတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ ပျူစောထီး တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး စခန်းမကျစေဖို့အတွက် စစ်တပ်က လေကြောင်းကနေ ခုခံတိုက်ခိုက်ပေးနေတဲ့ကြားက သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ တပ်စခန်းတွေပါ။ အဲနေရာတွေဟာ ပျူစောထီးတွေ အားကောင်းတဲ့ နေရာတွေက စခန်းတွေ ဖြစ်ပါတယ်။ ပြောရရင် ပျူခေါင်းဆောင် ဘူးလတ်လှဆွေနေရာတွေဖြစ်ပါတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲပါ။ စစ်ကောင်စီတပ်က အထိနာလို့ မထင်ထားလောက်အောင် လေကြောင်း တိုက်ခိုက်နေတယ်” လို့ ရှေ့တန်း စစ်ရေး သတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သလို စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးပြီး ကလေးမြို့ပေါ်က အမြှောက်တပ်ရင်းကနေလည်း လက်နက်ကြီးကျည် ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကလေး-ဂန့်ဂေါ် ကားလမ်းပေါ်က ကဗ္ဗနီ စစ်စခန်းကို ချင်းတော်လှန်ရေးတပ်နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဖေဖော်ဝါရီ ၁၄ ရက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး-ဂန့်ဂေါ ကားလမ်းပေါ်က ချင်းရွာတွေဖြစ်တဲ့ သံဖိုရွာက လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့သလို ကျော်ရွာက ၃ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။