ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၄ ခုကို ချင်းတော်လှန်ရေးတပ်နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်က ရွှေဖီမြေကို ပြောပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ စစ်စခန်းတွေဟာ ဖေဖော်ဝါရီ ၁၅ ရက်က အောင်သာယာ (ရွာသစ်)စခန်းနဲ့ အောင်သာယာ (ရွာဟောင်း)စခန်း၊ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်က မှန်တောစခန်းနဲ့ ကြံသာရွာစခန်း ဖြစ်ပါတယ်။

အဲဒီစခန်းတွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်နဲ့ ပျူစောထီး တပ်စွဲထားတဲ့ တပ်စခန်းဖြစ်ပြီး စခန်းမကျစေဖို့အတွက် စစ်တပ်က လေကြောင်းကနေ ခုခံတိုက်ခိုက်ပေးနေတဲ့ကြားက သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

“ကလေး-ဂန့်ဂေါ ကားလမ်းပေါ်မှာရှိတဲ့ တပ်စခန်းတွေပါ။ အဲနေရာတွေဟာ ပျူစောထီးတွေ အားကောင်းတဲ့ နေရာတွေက စခန်းတွေ ဖြစ်ပါတယ်။ ပြောရရင် ပျူခေါင်းဆောင် ဘူးလတ်လှဆွေနေရာတွေဖြစ်ပါတယ်။ တိုက်ပွဲက ပြင်းထန်နေဆဲပါ။ စစ်ကောင်စီတပ်က အထိနာလို့ မထင်ထားလောက်အောင် လေကြောင်း တိုက်ခိုက်နေတယ်” လို့ ရှေ့တန်း စစ်ရေး သတင်းအရင်းအမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိသလို လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ် တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သလို စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးပြီး ကလေးမြို့ပေါ်က အမြှောက်တပ်ရင်းကနေလည်း လက်နက်ကြီးကျည် ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ကလေး-ဂန့်ဂေါ် ကားလမ်းပေါ်က ကဗ္ဗနီ စစ်စခန်းကို ချင်းတော်လှန်ရေးတပ်နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ဖေဖော်ဝါရီ ၁၄ ရက်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး-ဂန့်ဂေါ ကားလမ်းပေါ်က ချင်းရွာတွေဖြစ်တဲ့ သံဖိုရွာက လသားအရွယ်ကလေးတစ်ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့သလို ကျော်ရွာက ၃ ဦး သေဆုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။