ဓာတ်ပုံ – The Reporter

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ မြဝတီ

ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီ၊ ရွှေကုက္ကိုလ်နဲ့ KK Park စတဲ့နေရာက အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၆ ရက်အထိ နှစ်ပတ်ကျော်အတွင်း အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်နေသူ (၁,၀၃၀)ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ တရုတ်နိုင်ငံရဲ့ ပြည်သူ့လုံခြုံရေးဌာနက လက်ထောက်ဝန်ကြီးနဲ့ ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အထွေထွေ အတွင်းရေးမှူးတို့ဟာ မြဝတီမြို့သို့ ရောက်ရှိနေပြီး ငွေလိမ်ဂိုဏ်းကနေ ခေါ်ထုတ်ထားသူတွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသရှိ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို အိမ်နီးချင်းနိုင်ငံနဲ့ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့ကို ထိုင်းဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ကစပြီး စက်သုံးဆီနဲ့ လျှပ်စစ်မီး ဖြတ်တောက်ခဲ့ပါတယ်။

စက်သုံးဆီနဲ့ လျှပ်စစ်မီးကို ဖြတ်တောက်ပြီးနောက် ကရင်-ထိုင်းနယ်စပ်မှာ လှုပ်ရှားတဲ့ ကရင် နယ်ခြားစောင့်တပ်- BGFနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်- DKBA က အွန်လိုင်း ငွေလိမ်ဂိုဏ်းမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံဘက် ဒီရက်ပိုင်း ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။