ဓာတ်ပုံ – PPNM

အင်းငယ်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ရန်ကုန်

ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်က ရိုဟင်ဂျာ ၉၀၀ ကျော်ကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက် ၆ နာရီခန့်မှာ ရှေ့တန်းကို ပို့ဆောင်ဖို့ လာရောက် ခေါ်ယူသွားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာတွေဟာ လွတ်ရက်စေ့သူတွေဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ထောင်အာဏာပိုင်က Express ကားနဲ့ လာရောက် ခေါ်ယူသွားတာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး- PPNM မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်ဦးက “အမျိုးသား ၅၀၀ ကျော်ဆိုတဲ့ အင်အားဟာ သူတို့အသုံးပြုမယ်ဆိုရင် သူတို့အတွက် အတိုင်းအတာတစ်ခုအထိ အသုံးဝင်တယ်ဆိုတဲ့ပုံစံမျိုး ယူဆချက်တွေ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ရှေ့တန်းပို့ဖို့ ရာခိုင်နှုန်း များတယ်လို့ သုံးသပ်ရခြင်း ဖြစ်ပါတယ်။ စစ်ကောင်စီအတွက် နိုင်ငံရေးရော စစ်ရေးရော အသုံးချနိုင်ပါတယ်” လို့ သုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ရုံးပိတ်ရက်ဖြစ်ပေမဲ့ အင်းစိန်ထောင်တွင်းက ရိုဟင်ဂျာတွေကို အထောက်အထားကတ် ပြုလုပ်ပေးခဲ့တာကြောင့် ရေလမ်းကြောင်းအတိုင်း ရခိုင်ပြည် စစ်တွေမြို့သို့ ပို့ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပို့ဆောင်မယ့်သူတွေထဲ အမျိုးသား ၅၆၄ ဦး၊ အမျိုးသမီး ၂၇၆ ဦးနဲ့ ကလေး ၆၇ ဦး စုစုပေါင်း ၉၂၇ ဦးရှိပြီး အင်းစိန်ထောင်တင်မကဘဲ တခြား စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ထောင်တွေကနေလည်း ဖမ်းခေါ်လာတာ ရှိတယ်လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပြပါတယ်။

“စကစ လက်အောက်က ထောင်ဆိုတာက လက်ရှိ သူတို့ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်တွေကို ပြောတာပါ။ မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးက စစ်ကောင်စီ လက်အောက်က လွှတ်လာတာတွေ ရှိတော့ ဉပမာပြရမယ်ဆိုရင် လားရှိုးလိုမျိုး၊ သံတွဲလိုမျိုး ထောင်တွေကလည်း စစ်ကောင်စီ လက်အောက်မှာ မရှိတော့ဘူးလေ။ ဒါကြောင့်မို့ စစ်ကောင်စီ လက်အောက်က ထောင်လို့ သီးခြား ခွဲထုတ်လိုက်တာပါ”

အရင်နှစ်က ထောင်လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာတွေကို တစ်နှစ်ခွဲကျော်အထိ ထပ်မံထိန်းသိမ်းထားတာ ရှိပေမဲ့ အခုလို ရှေ့တန်းပို့ဆောင်တာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ နိုင်ကျဉ်းဟောင်းတွေဆီကတဆင့် သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် အရာရှိ ၂၃ ဦးကို အာဂျင်တီးနား တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတာကြောင့် စစ်ကောင်စီဘက်က ပြန်လွှတ်ပေးဖို့ ခေါ်ဆောင်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပေမဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ ရှေတန်းပို့ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။