ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း သံဖိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ချင်းလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်မှာ တည်ရှိတဲ့ သံဖိုရွာကို မနေ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီခန့်မှာ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ရွာမှာက ဘာတိုက်ပွဲမှ မရှိဘူး။ တိုက်ပွဲ မရှိလို့ တခြားကျေးရွာတွေက ပြည်သူတွေပါ ရွာမှာ စစ်ဘေးရှောင်ကြပါတယ်။ ရွာသားတွေနဲ့ စစ်ဘေးရှောင်တွေ နေတဲ့ရွာကို ဗုံးကြဲသွားတယ်” လို့ ဒေသခံ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး၊ ၁၆ အရွယ် ကလေး(အမျိုးသား)တစ်ဦး၊ ၂၅ အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၁ လသား ကလေးငယ်တစ်ဦးတို့ ဖြစ်ပါတယ်။

“အလောင်းတွေကို ဒီမနက် ၉ နာရီလောက်မှာပဲ ရွာသူရွာသားတွေက ခရစ္စယာန်ထုံးတမ်းစဥ်လာနဲ့ သဂြိုလ်လိုက်ပါပြီ” လို့ အဆိုပါ ဒေသခံ ချင်းအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ဆက်ပြောပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပဲ သံဖိုရွာက အထက(ခွဲ) စာသင်ကျောင်းတစ်ဆောင်အပါအဝင် အရပ်သားနေအိမ် ၆ လုံးထက်မနည်း ဗုံးစ ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။