ဓာတ်ပုံ – Google

ပျားကြီး၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ရန်ကုန်

ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကြီးတွေဖြစ်တဲ့ OSC၊ ဆာကူရာနဲ့ Grand Hantha အပါအဝင် ဆေးရုံ ၉ ခုကို စစ်ကောင်စီက ပိတ်သိမ်းဖို့ ညွှန်ကြားထားတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

CDM ဝန်ထမ်း ခန့်အပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တချို့ကို ယာယီ ပိတ်သိမ်းခိုင်းတာဖြစ်ပြီး တချို့ကိုတော့ အပြီးသတ် ပိတ်သိမ်းဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

“အခုက ရန်ကုန်က ဆေးရုံတွေ အလှည့်ကျတာပေါ့။ သူတို့က ငွေရပေါက်လမ်း တွေ့သွားပြီလေ။ ဆေးရုံကြီးတွေက ပြန်ဖွင့်နိုင်ဖို့ သူတို့ကြိုးစားကြမှာပေါ့။ ဆေးရုံ အသေးလေးတွေကတော့ အထိနာမှာ။ CDM တွေ ခန့်လို့ ပိတ်ခိုင်းတာ” လို့ ရန်ကုန်မြို့ခံ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အပြီးသတ် ပိတ်သိမ်းဖို့အထိ ညွှန်ကြားထားတဲ့ ဆေးရုံတွေက မြတ်တော်ဝင်၊ ကျန်းမာသုခနဲ့ ချမ်းမြေ့ဆေးရုံဖြစ်ပြီး ယာယီ ပိတ်ခိုင်းတဲ့ဆေးရုံတွေက OSC၊ ဆာကူရာ၊ Grand Hantha၊ ကောင်းစုဆောင်၊ ကောင်းနဲ့ သမိုင်းဆေးရုံဖြစ်ပြီး ၃ လကနေ ၁ နှစ်အထိ ပိတ်သိမ်းခိုင်းခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုပါတယ်။

အခုလို ဆေးရုံတွေကို စစ်ကောင်စီက ပိတ်သိမ်းဖို့ ညွှန်ကြားထားတာနဲ့ ပတ်သက်ပြီးသက်ဆိုင်ရာ ဆေးရုံတွေကို ရွှေဖီမြေအနေနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

CDM ပြုလုပ်ထားတဲ့ ကျန်းမာရေး ဝန်ထမ်းနဲ့ပတ်သက်ပြီး အခဲမကျေ ဖြစ်နေတဲ့ စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ပုဂ္ဂလိက ဆေးရုံ ၁၂ ခုထက်မနည်းကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတစ်ကြိမ်၊ ဖေဖော်ဝါရီ လဆန်းပိုင်းကတစ်ကြိမ် ပိတ်သိမ်းဖို့ ညွှန်ကြားခဲ့တာ ရှိပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။