ဓာတ်ပုံ – CDF-KKG

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၄ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်မှာရှိတဲ့ ကဗ္ဗနီ မြစ်ကူးတံတားက စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းကာကွယ်တပ်နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ကဗ္ဗနီ မြစ်ကူးတံတားက စစ်တပ်စခန်းကို ချင်းကာကွယ်ရေးတပ်နဲ့ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၁၃ ရက် မနက်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။

“ကျနော်တို့ ကဗ္ဗနီတံတားက စခန်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီလောက်ကတည်းက သိမ်းတာပါ။ စစ်ကောင်စီတပ်ဘက်က လေကြောင်း အဆမတန် တိုက်ခိုက်လို့ ည ၈ နာရီလောက်မှာ စခန်းကနေ ပြန်ဆုတ်ပေးလိုက်ရတယ်။ မနေ့က မနက်မှာ ထပ်သိမ်းတယ်။ စစ်ကောင်စီတပ်ဘက်က တပ်ပြန်ဆုတ်သွားတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

စစ်တပ်က စခန်းမကျစေရေးအတွက် ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းကနေ မနေ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေအထိ ဗုံးသီး အလုံးရေ ၅၀ ကျော်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်တပ်နဲ့ ပျူစောထီးဘက်က ထိခိုက်သေဆုံးတာရှိပြီး လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိသလို ချင်းကာကွယ်ရေးတပ်နဲ့ ပူးပေါင်းတပ်ဘက်ကလည်း ထိခိုက်ကျဆုံးမူ ရှိတယ်လို့ ဆိုပါတယ်။

“CDF ရဲဘော် ငါးဦး ကျပါတယ်။ PDF ရဲဘော်တစ်ဦး ကျတယ်။ CNA ရဲဘော် ၆ ဦး၊ CDF ရဲဘော် ၁၂ ယောက်လောက် ဒဏ်ရာရတယ်။ စစ်ကောင်စီတပ်ဘက်ကလည်း အတော် ကျတယ်။ လက်နက်တွေလည်း အများကြီး သိမ်းဆည်းရတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ကဗ္ဗနီ မြစ်ကူးတံတားက စစ်တပ်စခန်းမှာ စစ်ကောင်စီတပ်ရဲ့ တပ်ခွဲ ဗိုလ်မှူးအပါအဝင် ပျူစောထီး အင်အား ၇၀ လောက် အထိုင်ချထားတဲ့စခန်း ဖြစ်တယ်လို့ သိရပါတယ်။

စခန်း ပြန်ရဖို့ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ချင်း ကာကွယ်ရေးတပ်ဘက်ကလည်း ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲက ပြင်းထန်နေကြောင်း CDF-KKG မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တိုက်ပွဲကတော့ ပြင်းထန်တုန်းပါဗျ။ စစ်တပ်ဘက်က လေကြောင်းတွေနဲ့ ပစ်ခတ်နေတာ ရှိတယ်။ ၇ ရက်နေ့ကတည်းက လေကြောင်းနဲ့ ဆက်တိုက် ပစ်ခတ်နေတာ ရှိတယ်။ တိုက်ပွဲက မပြီးသေးတော့ အသေးစိတ်အချက်အလက် မပြောနိုင်သေးဘူး”

လေကြောင်း တိုက်ခိုက်မှုကြောင့် ကဗ္ဗနီတံတား၊ ကျော်ရွာ၊ တင်သား၊ နတ်ချောင်းရွာ စတဲ့ကျေးရွာ ၁ဝ ရွာက ဒေသခံ သောင်းချီဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။