ဓာတ်ပုံ – Kantarawaddy Times’s Page

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၄ ရက်

ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်တဲ့ ပွိုင့် ၅၄၁၆ (စစ်ဆင်ရေး ခြေကုပ်စခန်း)ကို ကရင်နီ တပ်မတော်- KA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KA အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို အတည်ပြုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဝန်းကျင် တပ်စွဲထားတဲ့ စစ်ဆင်ရေး ခြေကုပ်စခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကရင်နီ တပ်မတော်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုပြီး တိုက်ခိုက်ရာ စစ်သားတွေ စခန့်စွန်ခွာပြီး မနေ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ ခြေကုပ်စခန်းကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ကရင်နီပြည်ရဲ့ သံလွင်အရှေ့ဘက်ခြမ်းမှာရှိတဲ့ စခန်းပေါ့။ ထိုင်း-ကရင်နီနယ်စပ်မှာ နောက်ဆုံး လက်ကျန်စခန်းဖြစ်တယ်။ ဒရုန်း၊ လက်နက်ကြီးနဲ့ စပြီးတော့ တိုက်တာ။ ခွေး(စစ်ကောင်စီ) ဆုတ်ပြေးသွားတဲ့ အခြေအနေပါ” လို့ KA အမှတ် ၅ တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ဆင်ရေး ခြေကုပ်စခန်းဟာ ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီရဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်ပြီး စခန်းအတွင်း စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့နဲ့ ကား၊ ဆိုင်ကယ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်ဘက်ကတော့ စစ်ဆင်ရေး ခြေကုပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာလည်း ထိုင်း-ကရင်နီနယ်စပ်ရှိ ဆိုတရှားမြို့နယ်ထဲက စစ်ကောင်စီရဲ့ မယ်လယု တပ်စခန်းကို KA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။