ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သိန္နီ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်းခေါင်ရွာက ရွာခံတွေ ခိုးစိုက်တဲ့ ၁ ဧကဝန်းကျင်ရှိတဲ့ ဘိန်းခြံကို TNLA က သွားရောက် ဖျက်ဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အဲဒီဘိန်းစိုက်ခင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှာ TNLA ရဲ့ ရဲတပ်ဖွဲ့နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး သွားရောက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“တောနက်ထဲမှာ ခိုးစိုက်တာ။ ဘေးပတ်ပတ်လည်မှာလည်း တောတွေဘဲ။ သတင်းရလို့ သွားဖျက်တာ။ TNLA ကတော့ ထပ်မစိုက်ဖို့ သတိပေးတာ ရှိတယ်” လို့ ဖြစ်စဥ်သိရှိတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ ဒေသခံတွေကတော့ အလုပ်အကိုင် မရှိတာကြောင့် ဘိန်းပင် ခိုးစိုက်တာလို့ သူက ဆက်ပြောပါတယ်။

TNLA ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူကို အရေးယူမှု ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၂၆ ဦးနဲ့ ရောင်းဝယ်သူ ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာတော့ TNLA ထိန်းချုပ်ထားတဲ့ဒေသရှိ KTV တွေမှာ မူးယစ်ဆေးဝါး ပေါ်တင် ရနေပြီး TNLA တပ်ဖွဲ့ဝင်တချို့ပါ သုံးစွဲမှု ရှိနေတာကြောင့် အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။