ဓာတ်ပုံ – CJ

မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သိန္နီ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ် ဆိုင်းခေါင်ရွာက ရွာခံတွေ ခိုးစိုက်တဲ့ ၁ ဧကဝန်းကျင်ရှိတဲ့ ဘိန်းခြံကို TNLA က သွားရောက် ဖျက်ဆီးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

အဲဒီဘိန်းစိုက်ခင်းကို ဖေဖော်ဝါရီ ၁၀ ရက်မှာ TNLA ရဲ့ ရဲတပ်ဖွဲ့နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး သွားရောက် ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

“တောနက်ထဲမှာ ခိုးစိုက်တာ။ ဘေးပတ်ပတ်လည်မှာလည်း တောတွေဘဲ။ သတင်းရလို့ သွားဖျက်တာ။ TNLA ကတော့ ထပ်မစိုက်ဖို့ သတိပေးတာ ရှိတယ်” လို့ ဖြစ်စဥ်သိရှိတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘိန်းစိုက်ပျိုးတဲ့ ဒေသခံတွေကတော့ အလုပ်အကိုင် မရှိတာကြောင့် ဘိန်းပင် ခိုးစိုက်တာလို့ သူက ဆက်ပြောပါတယ်။

TNLA ဟာ ၎င်းတို့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူကို အရေးယူမှု ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ မူးယစ်ဆေးဝါး သုံးစွဲသူ ၁၂၆ ဦးနဲ့ ရောင်းဝယ်သူ ၁၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာတော့ TNLA ထိန်းချုပ်ထားတဲ့ဒေသရှိ KTV တွေမှာ မူးယစ်ဆေးဝါး ပေါ်တင် ရနေပြီး TNLA တပ်ဖွဲ့ဝင်တချို့ပါ သုံးစွဲမှု ရှိနေတာကြောင့် အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။