ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၃ ရက်၊ လက်ပံတန်း

ပဲခူးတိုင်း လက်ပံတန်းမြို့နယ် မကျီးကွင်းအုပ်စု ရွှေဘိုစုရွာမှာ ဒေသခံတွေဆီ စစ်မှုထမ်းကြေးဆိုပြီး ငွေ လိုက်တောင်းနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ ဇနီးကို ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ကိုကိုအောင်က ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၄ နာရီခွဲကျော်က အုပ်ချုပ်ရေးမှူးဖြစ်သူ သိန်းဝင်းနဲ့ ဇနီး စန်းစန်းတို့ရဲ့နေအိမ်ကို စစ်ဆေးဖို့ ဝင်လာချိန်မှာ သိန်းဝင်းဆိုသူက လက်ပစ်ဗုံးနဲ့ ခုခံဖို့ ပြင်ဆင်နေတာကြောင့် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်က သေနတ်နဲ့ ကျည် ၁၀ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“သူနဲ့အတူ ရှိနေတဲ့ အမျိုးသမီးပါ ထိမှန်သေဆုံးသွားတယ်။ အဲအိမ်မှာက သူတို့နှစ်ယောက်ဘဲ ရှိတာ။ မနေ့ ၁ နာရီလောက်က သူတို့ရွာ သုဿန်မှာဘဲ သင်္ဂြိုလ်တယ်။ ရွာသားတွေ လိုက်မပို့ဘူး။ သူမိသားစုလောက်ဘဲ ပါတယ်”

သူတို့နှစ်ဦးဟာ စစ်မှုထမ်းကြေးဆိုပြီး ဒေသခံတွေဆီ ငွေ​ အတင်းအကြပ် ကောက်ခံနေပြီး ငွေ‌​ မပေးနိုင်တဲ့ ဒေသခံတွေကို စစ်တပ်ထံ သတင်းပေး ဖမ်းဆီးခိုင်းတာရှိပြီး သူ့ရဲ့လုပ်ရပ်ကို တိုင်ကြားမယ့် ဒေသခံကိုလည်း ဖမ်းဆီးဖို့ လုပ်ဆောင်လာတာကြောင့် အရေးယူရခြင်းဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အခု လုပ်ဆောင်ချက်ဟာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ နေအိမ်မှာ လက်ပစ်ဗုံး ၁ လုံးနဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် လူစုနေသူ၊ ဒေသခံနဲ့ တော်လှန်ရေးတပ်ဖွဲ့ကို ဒုက္ခပေးနေကြတဲ့ စစ်တပ်နဲ့ စစ်တပ်‌ထောက်တိုင်‌ကို အရှိန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ဒေသခံအနေနဲ့ စစ်တပ်အနီးအနား သွားလာနေထိုင်တာ‌တွေ လုံးဝ မပြုလုပ်ကြဖို့လည်း အသိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။