ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကဗ္ဗနိီ မြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်က ကဗ္ဗနီမြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ကို ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ မနေ့ညနေထိ တိုက်ပွဲ ပြင်းထန်ကာ စစ်တပ်က လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“မနေ့ည ၇ နာရီလောက်မှာ တော်လှန်ရေးတပ်တွေကနေ စတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ညနေအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲပါ။ ဒီမနက်(ဖေဖော်ဝါရီ ၁၂ ရက်) ၇ နာရီလောက်မှာ စစ်တပ် Y12 နဲ့ လေကြောင်းကနေ ဗုံးသီး ၃၀ ကျော်နဲ့ ကြဲချသွားတယ်။ အဲဒီတံတားမှာ စကစနဲ့ ပျူအင်အား အတော်များတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို မနေ့ညပိုင်းက ပြောပါတယ်။

ဒါ့အပြင် နေ့လယ်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်က မနေ့ နေ့လယ် ၁၁ နာရီမှာတစ်ကြိမ်၊ နေ့လယ် ၃ နာရီမှာ သုံးကြိမ် ဂျက်ဖိုက်တာတစ်စီးနဲ့ တိုက်ပွဲ ဖြစ်တဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“ဒီည(ဖေဖော်ဝါရီ ၁၂ ရက်)လည်း တစ်ညလုံး တိုက်ပွဲဖြစ်မယ့် အခြေအနေ ရှိတယ်။ တိုက်ပွဲ ပြင်းထန်နေသေးတဲ့အတွက် လေကြောင်း တိုက်ခိုက်မှု ရှိနေသေးတယ်။ တိုက်ပွဲက မပြီးသေးတော့ ထိခိုက်သေဆုံးမှုတွေက မသိရသေးဘူး။ PDF ကလည်း စစ်ရေး ပြင်ဆင်ပြီး တိုက်တာ ဖြစ်တဲ့အတွက် အခြေအနေကောင်းမယ်လို့ ထင်ပါတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကဗ္ဗနီ မြစ်ကူးတံတားဟာ ပြည်မနဲ့ အဓိက ဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး ကလေးမြို့နယ်တောင်ပိုင်း ဆည်တောရွာအနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီမြစ်ကူးတံတားကို တော်လှန်ရေးတပ်ဖွဲ့တွေက မတိုက်ခိုက်မီ ဇန်နဝါရီ လကုန်ကတည်းက စစ်တပ်ဟာ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးပြီး ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။