ဓာတ်ပုံ – Local

အိုက်ပွီး၊ ဖေဖော်ဝါရီ ၁၃ ရက်၊ ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကဗ္ဗနိီ မြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်က ကဗ္ဗနီမြစ်ကူးတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ကို ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ မနေ့ညနေထိ တိုက်ပွဲ ပြင်းထန်ကာ စစ်တပ်က လေကြောင်းကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“မနေ့ည ၇ နာရီလောက်မှာ တော်လှန်ရေးတပ်တွေကနေ စတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ညနေအထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲပါ။ ဒီမနက်(ဖေဖော်ဝါရီ ၁၂ ရက်) ၇ နာရီလောက်မှာ စစ်တပ် Y12 နဲ့ လေကြောင်းကနေ ဗုံးသီး ၃၀ ကျော်နဲ့ ကြဲချသွားတယ်။ အဲဒီတံတားမှာ စကစနဲ့ ပျူအင်အား အတော်များတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို မနေ့ညပိုင်းက ပြောပါတယ်။

ဒါ့အပြင် နေ့လယ်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်က မနေ့ နေ့လယ် ၁၁ နာရီမှာတစ်ကြိမ်၊ နေ့လယ် ၃ နာရီမှာ သုံးကြိမ် ဂျက်ဖိုက်တာတစ်စီးနဲ့ တိုက်ပွဲ ဖြစ်တဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“ဒီည(ဖေဖော်ဝါရီ ၁၂ ရက်)လည်း တစ်ညလုံး တိုက်ပွဲဖြစ်မယ့် အခြေအနေ ရှိတယ်။ တိုက်ပွဲ ပြင်းထန်နေသေးတဲ့အတွက် လေကြောင်း တိုက်ခိုက်မှု ရှိနေသေးတယ်။ တိုက်ပွဲက မပြီးသေးတော့ ထိခိုက်သေဆုံးမှုတွေက မသိရသေးဘူး။ PDF ကလည်း စစ်ရေး ပြင်ဆင်ပြီး တိုက်တာ ဖြစ်တဲ့အတွက် အခြေအနေကောင်းမယ်လို့ ထင်ပါတယ်” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကဗ္ဗနီ မြစ်ကူးတံတားဟာ ပြည်မနဲ့ အဓိက ဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး ကလေးမြို့နယ်တောင်ပိုင်း ဆည်တောရွာအနီးမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဒီမြစ်ကူးတံတားကို တော်လှန်ရေးတပ်ဖွဲ့တွေက မတိုက်ခိုက်မီ ဇန်နဝါရီ လကုန်ကတည်းက စစ်တပ်ဟာ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးပြီး ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။