ဓာတ်ပုံ – နယ်စည်းမခြား ပရဟိတ (သီပေါ)

လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၁၂ ရက်၊ သီပေါ

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့နယ် တုံစင့်ကျေးရွာက အသက် ၁၃ နှစ်အရွယ် စိုင်းလောဝ်ခမ်းဆိုသူဟာ မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စိုင်းလောဝ်ခမ်းဟာ သီပေါမြို့ရှိ စစ်ကောင်စီရဲ့ တပ်စခန်းဟောင်း ခြေလျင်တပ်ရင်း (ခလရ ၂၃)အနီးမှာ မိုင်းနင်းမိခဲ့တာလို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“၂၃ တပ်အနီးမှာ နင်းမိတာ။ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်။ အဲမှာက မိုင်းခဏခဏ နင်းမိကြတယ်”

ဒဏ်ရာရတဲ့ စိုင်းလောဝ်ခမ်းကို သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတအသင်းက သွားရောက် သယ်ဆောင်ကာ အရေးပေါ် ကုသပေးခဲ့ပြီး လားရှိုး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်အထိ ရွှေဖီမြေက ရရှိထားတဲ့ စာရင်းအရ ရှမ်းမြောက် မူဆယ်၊ ကွတ်ခိုင်၊ မိုးမိတ်နဲ့ သီပေါမြို့နယ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းကြောင့် ကလေးငယ် ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၃ ဦးအပါအဝင် အမျိုးသား ၈ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်တွေကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်လာတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်းသုံးစွဲမှု ပပျောက်ရေး လှုပ်ရှားမှုအဖွဲ့- ICBL ရဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းက လူ ၁ ထောင်ကျော် (၁,၀၀၃ ဦး) သေဆုံးခဲ့တယ်လို့ ICBL က ထုတ်ပြန်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။