ဓာတ်ပုံ – SAC

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၂ ရက်

နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ၇၈ ကြိမ်မြောက် ပြည်ထောင်စုနေ့မှာ ပြောကြားပြန်ပါတယ်။

ပါတီစုံ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ တစ်ဦးနဲ့တစ်ဦး သဘောထား ကွဲလွှဲမှုတွေ ရှိနိုင်ပြီး ကိုယ်စီ လိုလားချက်တွေကို လက်နက်ကိုင် အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ မှားယွင်းတဲ့လမ်းစဥ်ဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ လိုလားချက်ကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာရေး အားပေးဖို့နဲ့ လက်နက်ကိုင် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းနဲ့ ဖြေရှင်းဖို့ တိုင်းရင်းသားတွေ လက်တွဲပေးဖို့ စစ်ခေါင်းဆောင်က တိုက်တွန်းထားပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြာခဏ ထုတ်ဖော်ပြောဆိုတာတွေ ရှိနေပေမဲ့ မြေပြင်မှာတော့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်း တိုက်ခိုက်တာ ပြုလုပ်နေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း နေ့စဥ် တိုးလာနေပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ပြည်ထောင်စုနေ့မှာ တအာင်းတပ်မတော်- TNLA အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးက သဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အခြေမတည်နိုင် ပျက်စီးနေရတာနဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနေရတာဟာ မြန်မာစစ်ခေါင်းဆောင်နဲ့ စစ်အာဏာရှင်ကြောင့် ဖြစ်တယ်လို့ တအာင်းတပ်က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ တောင်တန်းနဲ့ ပြည်မက တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အဲဒီနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။