ဓာတ်ပုံ – CDF Asho

ခိုင်လေး၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ငဖဲ

မကွေးတိုင်း ငဖဲမြို့နယ် ပဒါန်းမြို့အနောက်ဘက် အမ်း-ပဒါန်း ကားလမ်းမပေါ်ရှိ စစ်ကောင်စီ တပ်စခန်းကုန်းတစ်ခုကို ချင်းဒေသ ကာကွယ်ရေးတပ်- အရှို (CDF-Asho)က သိမ်းယူပြီး တစ်ရက်အကြာမှာ အဲအနီးနားက ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က ဖမ်းဆီးသွားခဲ့တယ်လို့ CDF Asho မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် နေ့လယ် ၁ နာရီမှာ CDF Asho က အမ်း-ပဒါန်း ကားလမ်းပေါ်ရှိ ပျဥ်းဝ စစ်ဆေးရေးဂိတ်အနီးက စစ်တပ်စခန်းကုန်းကို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

“ပစ်ခတ်ချိန် သိပ်မကြဘူး။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်သွားကြလို့ စခန်းကိုမီးရှို့ခဲ့တယ်” လို့ CDF Asho မှ တာဝန်ရှိသူက ရွှေဖီမြေကို ပြောပါတယ်။

စစ်တပ်က တိုက်ပွဲအပြီး ၁ ရက်အကြာမှာတော့ ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနဲ့ ရေနွယ်က အရှိုချင်းရွာမှ ဒေသခံတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

“ရွာထဲကို ဝင်ဖမ်းတာဗျ။ ၁၆ ဦးလောက် ရှိမယ်။ အမျိုးသမီး ၄ ဦး ပါတယ်ဗျ။ ၃ ဦးတော့ ပြန်လွှတ်လာပြီ။ သူတို့ ပြောတာကြတော့ စစ်တပ်က ရိုက်နှက်စစ်ဆေးတာတွေတော့ ရှိတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ရိုက်နှက်တယ်ဆိုတာကိုတော့ ကျနော်တို့ အတိအကျ မပြောနိုင်ဘူး” ဆိုပြီး သူက ဆက်ပြောပါတယ်။”

ကပစ ၁၄ မဟုတ်ရင် ပဒါန်းနားက အမတ ၃၇၅ တပ်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဘုရားတောင်စခန်းကုန်း သိမ်းပိုက်ပြီးနောက် အနီးအနားရှိ ပျဉ်းဝ စစ်ဆေးရေးဂိတ်ရှိ စစ်သားအားလုံးက ပဒါန်းမြို့အနီးရှိ စခန်းဘက်ကို ဆုတ်ခွာထွက်ပြေးသွားကြတယ်လို့ CDF Asho ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။