ဓာတ်ပုံ – ဘီဝမ်း

လွေးထွေး၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မြဝတီ

စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ထဲ စက်သုံးဆီ သယ်ယူပို့ဆောင်ခွင့် မပေးတာနဲ့ ထိုင်းနိုင်ငံဘက်က ကျားဖြန်တွေ အခြေချတပ်စွဲထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြဝတီမြို့ထဲ စက်သုံးဆီနဲ့လျှပ်စစ်မီး ဖြတ်တောက်ခဲ့တာကြောင့် စက်သုံးဆီ ပြတ်လပ်တဲ့ ပြဿနာကို ဒေသခံတွေ ကြုံနေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မြဝတီမြို့ ဘုရင့်နောင် ဈေးကြီးအနီးက PTT ဆီဆိုင်မှာလည်း မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ညနေအထိ ကားနဲ့ ဆိုင်ကယ်တွေ တန်းစီ‌နေရပြီး ဆိုင်ကယ်တစ်စီးကို ဓာတ်ဆီ ၅ ထောင်ကျပ်နဲ့ ကားတစ်စီးကိုတော့ ဒီဇယ် ၂ သောင်းကျပ်သာ အကန့်အသတ်နဲ့ ဖြည့်ပေးတယ်လို့ ဆိုပါတယ်။

မြဝတီဒေသခံ အမျိုးသားက “တစ်ပတ်ကျော်လာပြီ။ ဆီတန်းနေရတယ်။ လမ်းဘေးမှာ ရသလို ထည့်နေရတယ်။ ထိုင်းအထိလည်း သွားထည့်ရတယ်။ ဒီမှာက အရေးအကြောင်းဆို သွားရလာရတာ လွယ်ကူအောင်လို့သာ တချို့တွေက ဆီထည့်ထားကြတယ်။ မလိုအပ်ရင် မစီးတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစပြီး မွန်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဇာသပြင် (ဂျိုင်းတံတား) စစ်ဆေးရေးဂိတ်ကနေ ကရင်ပြည်နယ်ဘက်သွားတဲ့ စက်သုံးဆီကားတွေ ပိတ်လိုက်တာလို့ ဆိုပါတယ်။

အလားတူ ထိုင်းဘက်ကလည်း ကျားဖြန်ရုံတွေ အခြေစိုက်ထားတယ်လို့ နာမည်ကြီးနေတဲ့ မြဝတီ၊ ရွှေကုက္ကို၊ တာချီလိတ် အပါအဝင် ထိုင်း-မြန်မာနယ်စပ်က မြို့ ၅ မြို့ကို ဖေဖော်ဝါရီ ၅ ရက်ကစပြီး စက်သုံးဆီနဲ့ လျှပ်စစ်မီးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။

“ဒီကလူတွေ ကြည့်ရတာ ဒုက္ခအရောက်ဆုံးက ဈေးသည်တွေပါ။ ပြီးတော့ ဆီ အသုံးပြုရတဲ့ လုပ်ငန်းတွေပေါ့။ ဒါပေမဲ့ လူထုတွေက ဘာမှမတတ်နိုင် မပြောနိုင်ကြဘူးလေ” လို့ မြဝတီမြို့မှ တစ်နိုင်တစ်ပိုင် ဆီဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ပြောပါတယ်။

နှစ်ဖက်စလုံးက စက်သုံးဆီ ပိတ်လိုက်တာဟာ အရပ်သားအပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်နေတာကို တွေ့နေရတာကြောင့် သက်ဆိုင်ရာက အမြန်ဆုံး နည်းလမ်းနဲ့ ဖြေရှင်းပေးဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းအထိ ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်လုံးမှာ ထိုင်းဘက်က လုံခြုံရေး တင်းကြပ်ထားပြီး စက်သုံးဆီ ခိုးသယ်လာသူတွေကိုလည်း ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။