ဓာတ်ပုံ – Local

ယာရူစိင်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မန္တလေး

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ တအာင်းအမျိုးသမီးငယ်တစ်ဦးဟာ မိသားစုဝင်နဲ့ ၃ လကြာ အဆက်အသွယ် ပြတ်တောက်သွားတာကြောင့် အဆက်အသွယ်ပြန်ရဖို့ အကူအညီ လိုအပ်နေပါတယ်။

ဦးအိုက်ခမ်းနဲ့ဒေါ်အေးအောင်တို့ရဲ့ သမီးဖြစ်သူ အသက် ၁၇ အရွယ် မအေးထွမ်းဆိုသူဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အိမ်ကနေ အလုပ်လုပ်ဖို့ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ထဲက တရုတ်အိမ်မှာ သွားရောက် အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

“ကလေးမ ပြောပုံအရက လားရှိုးဘက်က စလိုင်ရွာမှာ နေတယ်တဲ့။ အရင်ကတော့ အိမ်နဲ့ အဆက်အသွယ် ရတယ်တဲ့။ ဒါပေမဲ့ အိမ်နဲ့ အဆက်အသွယ်ရတာ ဘယ်နေ့နောက်ဆုံး‌ရမှန်း သူလဲမသိတော့ဘူး။ တရုတ်အိမ်မှာနေပြီး အလုပ် လုပ်တယ်တော့ ကလေးမ ပြောတယ်။ သူ့ရဲ့ ညီမလေးလဲ မန္တလေးမှာဘဲတဲ့။ ညီမလေးနဲ့လည်း အဆက်အသွယ် မရတာလဲ ၁ နှစ်လောက် ရှိပြီတဲ့” လို့ ၎င်းကို ကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီအမျိုးသမီးငယ်ကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၈ C လမ်း ၁၁၉ လမ်းထောင့်မှာရှိတဲ့ နောင်ရိုးကဖေးဆိုင်ပိုင်ဆိုင်က ခေါ်ယူစောင့်ရှောက်ထားပါတယ်။

သူမရဲ့ မိသားစုဝင်ကို သိရှိသူတွေအနေနဲ့ နောင်ရိုး ကဖေးဆိုင် ဖုန်း 09-444 082 868, 09-444 082 848 ကို ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။