ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဖေဖော်ဝါရီ ၁၁ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့နယ် တောင်နီကျေးရွာမှာရှိတဲ့ ပန့်ဆီဆိုင်တစ်ခု ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ တောင်နီရွာမှာရှိတဲ့ ဗို‌လ်အောင်ဒင် ပန့်ဆီဆိုင်ဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

‌”ဗိုလ်အောင်ဒင် ဆီပန့်လေ။ မီးက ဝါယာရှော့ပေါ့။ ၁၀ နာရီ ၂၀ မိနစ်လောက်ကမီးလောင်တာ လူမထိဘူး”

မီးလောင်တာကို မီးသတ် တပ်ဖွဲ့က အချိန်မှီ မီးသတ်နိုင်ခဲ့တာကြောင့် အခြားအိမ်တွေဘက် ကူးစက်သွားတာ မရှိဘူးလို့ ဆိုပါတယ်။

မီးလောင်သွားတဲ့ ပန့်ဆီဆိုင်ဟာ တောင်ကြီး-ရွှေညောင်ပင်-ရပ်စောက်လမ်းမမှာရှိတဲ့ ဗိုလ်အောင်ဒင် ပန့်ဆီဆိုင် ဖြစ်ပါတယ်။

ရာသီဥတု အကူးအပြောင်းမှာ မီးတွေ အထူးသတိပြုကြဖို့ လူမှုကူညီရေးအသင်းတွေက သတိပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။