ခိုင်လေး၊ ဖေဖော်ဝါရီ ၁၀ ရက်

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား ၃၁ ဦးကို စစ်တပ်ကနေ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်က မနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြည်သူ့ရင်ခွင်ကို ဆက်သွယ်လာတာ‌ကြောင့် ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၁၅ လက်လည်း ယူဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာချင်သူတွေကို မြေပြင်အခြေအနေပေါ် မူတည်ပြီး ကူညီဆောင်ရွက်‌ပေးတာမျိုး‌တွေ ရှိသလို တပ်ထဲကနေ ထွက်လိုသူတွေကိုလည်း ပြည်သူ့ရင်ခွင်အနေနဲ့ ကြိုဆို‌တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူ‌တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ သွားချင်တဲ့နေရာတွေဆို လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ပို့ဆောင်ပေးပါတယ်။ လက်နက်နဲ့ ဝင်လာတဲ့သူတွေကိုတော့ NUG(MOD) လမ်းညွှန်မှုနဲ့ ဆောင်ရွက်ပေးတာပါ။ အလင်းဝင် ဘက်ပြောင်းလာသူတွေကို ကျနော်တို့ ရဲဘော်ရဲဘက်တွေလိုပဲ ဆက်ဆံပါတယ်ဗျ”

ဒီအရေအတွက်ဟာ စစ်တပ်က စစ်မှုထမ်းဖို့ လူထုတွေကို ဖမ်းဆီးစုဆောင်းတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် နည်းပါးပေမဲ့ ၃၁ ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ စုဆောင်းခံရသူအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်နဲ့ မိတ်ဆွေတွေကနေတဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်အဖွဲ့ထံ လာရောက် ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်တပ်ကို စွန့်ခွာနိုင်ဖို့ ကူညီဆောင်ရွက်ပေးမယ်လို့လည်း ပြောဆိုထားပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ဟာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့မှ စွန့်ခွာလိုသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လွပ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။