ခိုင်လေး၊ ဖေဖော်ဝါရီ ၁၀ ရက်

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်သား ၃၁ ဦးကို စစ်တပ်ကနေ ခေါ်ထုတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ရင်ခွင်က မနေ့ ဖေဖော်ဝါရီ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပြည်သူ့ရင်ခွင်ကို ဆက်သွယ်လာတာ‌ကြောင့် ခေါ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး သူတို့နဲ့အတူ လက်နက် ၁၅ လက်လည်း ယူဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာချင်သူတွေကို မြေပြင်အခြေအနေပေါ် မူတည်ပြီး ကူညီဆောင်ရွက်‌ပေးတာမျိုး‌တွေ ရှိသလို တပ်ထဲကနေ ထွက်လိုသူတွေကိုလည်း ပြည်သူ့ရင်ခွင်အနေနဲ့ ကြိုဆို‌တယ်လို့ ပြည်သူ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူ‌တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“သူတို့ သွားချင်တဲ့နေရာတွေဆို လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ပို့ဆောင်ပေးပါတယ်။ လက်နက်နဲ့ ဝင်လာတဲ့သူတွေကိုတော့ NUG(MOD) လမ်းညွှန်မှုနဲ့ ဆောင်ရွက်ပေးတာပါ။ အလင်းဝင် ဘက်ပြောင်းလာသူတွေကို ကျနော်တို့ ရဲဘော်ရဲဘက်တွေလိုပဲ ဆက်ဆံပါတယ်ဗျ”

ဒီအရေအတွက်ဟာ စစ်တပ်က စစ်မှုထမ်းဖို့ လူထုတွေကို ဖမ်းဆီးစုဆောင်းတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် နည်းပါးပေမဲ့ ၃၁ ဦးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ စုဆောင်းခံရသူအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်နဲ့ မိတ်ဆွေတွေကနေတဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်အဖွဲ့ထံ လာရောက် ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်တပ်ကို စွန့်ခွာနိုင်ဖို့ ကူညီဆောင်ရွက်ပေးမယ်လို့လည်း ပြောဆိုထားပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ဟာ စစ်တပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့မှ စွန့်ခွာလိုသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ လွပ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မိတ်ဖက်အဖွဲ့အစည်းအနေနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။