ပို့လဘား၊ ဖေဖော်ဝါရီ ၁၀ ရက်၊ မိုင်းယုလေး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၈ ရက် နေ့လယ် ၃ နာရီမှာ မိုင်းယုလေးရွာမှာရှိတဲ့ နမ့်မောချောင်းမှာ အမျိုးသားတစ်ဦး ရေကူးရာကနေ ရေနစ် သေဆုံးတာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲချောင်းမှာ သူတို့ အဖွဲ့လိုက်နဲ့ ရေသွားကူးတာ။ သူရေကူးရင်းနဲ့ ရေလည်(ဝဲ)တဲ့နေရာမှာ သူ့ကို စုပ်သွားတာ။ သူကစစ်သား ဒီရွာခံ မဟုတ်ဘူး။ သူ့မိဘတွေလည်း သူ့ကို လာရှာတယ် “
ရေနစ်သေဆုံးသွားတဲ့ အမျိုးသားဟာ အသက် ၁၉ နှစ်အရွယ် မိုင်းအေဝမ်းဆိုသူဖြစ်ပြီး နမ့်ခမ်းမြို့ အောင်ချမ်းသာရပ်ကွက်မှာ နေထိုင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ ရေနစ်သွားတဲ့ အဲဒီအမျိုးသားရဲ့အလောင်းကို ရှာမတွေ့သေးဘဲ နမ့်မောချောင်းမှာ နှစ်စဉ်လိုလို ရေနစ်သေဆုံးတဲ့ ဒေသခံတွေ ရှိနေတယ်လို့ ပြောပါတယ်။