အိုက်ပွီး၊ ဖေဖော်ဝါရီ ၉ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့နယ် ငါလ်ဘွယ်ကျေးရွာမှာ ဇိုမီး တော်လှန်ရေး တပ်မတော်- ZRA တပ်ဖွဲ့ဝင်က ဖမ်းဆီးရိုက်နှက်စစ်ဆေးလို့ ဒေသခံအမျိုးသား ၂ ဦး သေဆုံးခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

သေဆုံးသွားသူတွေဟာ အသက် ၂၀ ကျော်အရွယ် ကမ်းလျန်ထန်းနဲ့ သူ့ရဲ့ ယောက်ဖဖြစ်တဲ့ ဒါလ်မွမ်းကိမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ည ၈ နာရီခွဲခန့်မှာ ကမ်းလျန်ထန်းဟာ ယောက်ဖဖြစ်တဲ့ ဒါလ်မွမ်းကိမ်းရဲ့ နေအိမ်ကနေ ပြန်လာစဥ် ZRA တပ်ဖွဲ့ဝင်ရဲ့ ဖမ်းဆီးတာ ခံရပြီး သတိလစ် မေ့မြောတဲ့အထိ ရိုက်နှက်စစ်ဆေးခံရတာဖြစ်ပါတယ်။

“အလည်သွားရင်း အပြန်လမ်းမှာ ဖမ်းခံရတာ ဖြစ်ပါတယ်။ သတိလစ် မေ့မြောတဲ့အထိ ရိုက်နှက်စစ်ဆေးခံရပြီး အိမ်ကို ပို့လာတယ်။ အဲဒီရိုက်နှက်တဲ့ဒဏ်ရာနဲ့ မနက်မှာ ဦးကမ်းလျန်ထန်း သေဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ကမ်းလျန်ထန်းရဲ့ ယောက်ဖဖြစ်သူ ဒါလ်မွမ်းကိမ်းကိုလည်း ဖေဖော်ဝါရီ ၆ ရက် မနက်မှာ ZRA အဖွဲ့ဝင်က ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးတဲ့ အလောင်းကို ည ၁၁ နာရီမှာ နေအိမ်သို့ ပို့ဆောင်လာတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းတွေကို ဖေဖော်ဝါရီ ၇ ရက်က ရွာခံတွေက သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။

ZRA ခေါင်းဆောင် ၂ ဦးက သေဆုံးသူ မိသားစုဝင်ကို ချင်းထုံးစံအတိုင်း တောင်းပန်ထားတယ်လို့ သိရပါတယ်။

ငါလ်ဘွယ်ရွာမှာ ZRA က ညမထွက်ရအမိန့်ထုတ်ပြန်ထားတာကြောင့် အခုလို အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

“ရွာမှာ ညဘက် ရှစ်နာရီဆို ထွက်လို့မရဘူး။ ZRA က ညမထွက်ရအမိန့် ထုတ်ထားတယ်။ တခြားရွာတွေမှာလည်း အဲဒီလိုပဲ ZRA က ညမထွက်ရအမိန့်ကို ထုတ်ထားတယ်။ ရွာသားတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းတယ်”

တီးတိန်နဲ့ တွန်းဇံမြို့နယ်က ကျေးရွာတချို့မှာ ZRA က ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ရွာခံတွေကို အလှည့်ကျ ကင်းစောင့်ခိုင်းစေတယ်လို့ သိရပါတယ်။

ZRA တပ်ဖွဲ့ဝင်ဟာ ချင်းပြည်နယ် တီးတိန်နဲ့ တွန်းဇံမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သလို ချင်းအမျိုးသား တပ်မတော်- CNA နဲ့လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တွန်းဇံနဲ့ ကျီးခါး မြို့သိမ်းတိုက်ပွဲမှာ ZRA တပ်ဖွဲ့ဟာ စစ်တပ်ဘက်က ကူတိုက်ပေးနေတယ်လို့ ဒေသခံနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။