ဓာတ်ပုံ – Local

မိုင်းရူပ၊ ဖေဖော်ဝါရီ ၉ ရက်၊ မိုးမိတ်

ရှမ်းမြောက် မိုးမိတ်မြို့နယ် နမ့်ဥမ္မာကျေးရွာမှာ အမျိုးသမီးတစ်ဦး သတ်ခံရပြီး ၂ ပတ်ကျော် ကြာတဲ့အထိ တရားခံကို ဖမ်းဆီးရမိတာ မရှိသေးကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်မှာ မိုးမိတ်မြို့နယ် နမ်ဥမ္မာရွာခံ မဂျီပို့မီးဆိုသူဟာ သူငယ်ချင်းနဲ့အတူ ထင်းခွေသွားစဥ် တောထဲ သတ်ခံရတာလို့ ဖြစ်စဥ်သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“တောထဲမှာ ထင်းခွေသွားရင်း အသတ်ခံရတာ။ သတ်တဲ့ တရားခံကို မမိသေးဘူး” လို့ ဖြစ်စဥ်သိရှိတဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သေဆုံးသွားတဲ့ မဂျီပို့မီးဆိုသူဟာ အိမ်ထောင်ရေးကိစ္စ အရှုပ်အရှင်း ရှိထားသူဖြစ်ပြီး ၎င်းကို သတ်သွားတဲ့ တရားခံကို ဖမ်းဆီးရမိရေး တအာင်းတပ်မတော်- TNLA ရဲ့ ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းနေတယ်လို့ သိရပေမဲ့ အသေးစိတ် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ မိုးမိတ်မြို့ကို TNLA က ထိန်းချုပ်ထားပြီး မြို့ပြင်မှာတော့ ကချင်တပ်မတော်- KIA၊ ရှမ်းတပ်မတော်- SSPP နဲ့ ပြည်သူ့ကာကွယ်ရေးတပ်- PDF လည်း သွားလာနေကြပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။