ဓာတ်ပုံ – အင်းလေး လူ့အခွင့်အရေးအဖွဲ့

အင်းငယ်၊ ဖေဖော်ဝါရီ ၈ ရက်၊ အင်းလေး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ရေပူကျေးရွာအုပ်စု ရေပူရွာမှာ လက်နက်ကြီး ကျရောက်မှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပြာကျ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း နေထိုင်သူတွေက ပြောပါတယ်။

မနေ့ ဖေဖော်ဝါရီ ၇ ရက် နေ့လယ် ၃ နာရီခန့်က စံကားအင်း(တောင်ပိုင်းအင်း) အနောက်ဘက်ခြမ်းမှာ တပ်စွဲထားတဲ့ စစ်တပ်၊ ပအိုဝ်းပြည်သူ့စစ်- PNA ပူးပေါင်းတပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အင်းလေး လူ့အခွင့်အရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “ရွာတည်နေရာက စံကားအင်းနဲ့ ဖယ်ခုံအင်းကြားမှာ ရှိတာပါ။ လက်နက်ကြီးအသံကြောင့် အသက်အရွယ်မရွေး အားလုံး ထိတ်လန့်နေကြပါတယ်။ ပျက်စီးမှုက တော်တော်များပါတယ်။ ရဲဘော်တွေ ဝိုင်းငြိမ်းလိုက်ပါတယ်” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှုမှာ တစ်နာရီခန့် ကြာမြင့်ခဲ့ပြီး အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်- IPDF က ဝင်ရောက်ငြိမ်းသတ်ကူခဲ့ရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရေပူရွာဟာ ရှမ်းတောင်အတွင်း လက်နက်ကြီးဒဏ်ခံရမှု အများဆုံးဖြစ်ပြီး ဇန်နဝါရီ ၂၉ ရက်ကလည်း ဖယ်အင်း အနောက်ဘက်ခြမ်း နန်းတောင်းနဲ့ မိုးဦးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က လက်နက်ကြီး ၂၂ ကြိမ် ပစ်ခတ်ခဲ့ပါသေးတယ်။

ရေပူရွာအတွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက “လက်နက်ကြီးကတော့ မကြာမကြာ ကျတယ်။ တော်တော်များက အိမ်မရှိတဲ့ဘက်တွေ ရွာစွန်တွေဘက်တွေ ကျတာ။ အခု ဒီတခေါက်မှ အိမ်ကို ထိတာ။ တိုက်ပွဲလည်း ဒီမှာက ခဏခဏပဲ ရိုးနေပြီ။ ဝုန်းဒိုင်းဆို ပြေးကြ။ နည်းနည်းငြိမ်ရင် ပြန်နေကြပေါ့” လို့ ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၅ ရက်ကလည်း ရေပူရွာအနီးက ဘုရားတောင်လွယ်နွဲ့ရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်အပါအဝင် ရွာခံ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။